7 d - Translate

အင်တာမီလန်ရဲ့ ဖလား ၃လုံးအိပ်မက်ကို အေစီတို့ ဖျက်ဆီးပေးလိုက်ပါတယ်။ စူပါဖလားပွဲတုန်းကလည်း အနိုင်ယူခဲ့သလို ကိုပါအီတာလီယာမှာလည်း ထပ်အနိုင်ယူပြီး ဗိုလ်လုပွဲတက်သွားခဲ့ပါပြီ။ ပထမအကျော့က ၁-၁ ဖြစ်ခဲ့ပေမယ့် ညက ဒုတိယအကျော့မှာ ၃-၀ နဲ့ အေစီက ဂိုးပြတ်သိပ်လိုက်တာပါ။
ဒီရာသီ အေစီနဲ့ ၅ကြိမ်တွေ့ရာမှာ တကြိမ်မှ အင်တာတို့မနိုင်ခဲ့ပါဘူး။ ရာသီကုန်ရင် အေစီနဲ့လမ်းခွဲမယ့် နည်းပြကွန်ဆီကာအိုကလည်း အင်တာနဲ့တွေ့တိုင်း အသာစီးရအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ အီတလီစူပါဖလားကိုပါ သူက ယူပေးထားတာပါ။
တရာသီအတွင်း ဖလား ၃လုံးအိပ်မက်ကို တကျော့ပြန်မက်နေတဲ့ အင်တာတို့ မြို့ခံပြိုင်ဘက်ကြောင့် ဖလားတလုံးလက်လွှတ်လိုက်ရပါတယ်။ ဆီမြွန်နီအင်ဇာဂီရဲ့ ကောင်းလှပါတယ်ဆိုတဲ့ ခံစစ်ဟာ အေစီနဲ့တွေ့ရင် အလဲလဲအကွဲကွဲတွေကို ဖြစ်နေခဲ့ရပါတယ်။

image