7 ရက် - ဘာသာပြန်ပါ။

လွန်ခဲ့တဲ့ ၁၇ နှစ်က ဒီလိုနေ့မျိုးမှာ ဘာကာနဲ့ ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကစားခဲ့ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ခဲ့ကာ အဲဒီအချိန်ကစလို့ သူတို့က ဆယ်စုနှစ်တခုကျော်ကြာ မဟာပြိုင်ဘက်တွေအဖြစ် ရှိလာခဲ့ပါတော့တယ်။ ဘောလုံးလောကကို နှစ်ဦးစလုံးက ခါးစောင်းတင်ခဲ့ပြီး အောင်မြင်မှုချင်းပြိုင်ဆိုင်ခဲ့ကြတာပါ။
အသင်းလိုက်အောင်မြင်မှု၊ တဦးချင်းအောင်မြင်မှုတွေမှာ သူတို့နှစ်ယောက်က အကြီးအကျယ်ကို အားပြိုင်ခဲ့ကြတာပါ။ လာလီဂါကို ရော်နယ်ဒိုရောက်သွားချိန်မှာတော့ ပိုပြင်းထန်ခဲ့ပြီး ပြိုင်ဘက်တွေအဖြစ် သူတို့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတော့တယ်။ နှစ်ဖက်ပရိသတ်တွေကြား စကားနိုင်လုပွဲတွေကလည်း အတောမသတ်နိုင်အောင်ပါပဲ။
သူတို့က ရန်သူတွေမဖြစ်ခဲ့ပေမယ့် မိတ်ဆွေတွေလည်း မဟုတ်ခဲ့ပါဘူး။ တဦးနဲ့တဦး မျက်နှာမပျက်ရလေအောင်သာ ထိန်းခဲ့ပြီး ကိုယ်စီအားပြိုင်ချင်စိတ်တွေလည်း ရှိခဲ့မှာ အမှန်ပါ။ ဒဲ့ထုတ်မပြောတာပဲ ရှိပါတယ်။ ဘောလုံးလောကကို အကောင်းဆုံးဖျော်ဖြေပေးခဲ့တဲ့ ဂုတ်ကြီးနှစ်ဦးရဲ့ ပထမဆုံးတွေ့ဆုံမှုဟာ ဒီနေ့ဆို ၁၇ နှစ် ပြည့်ခဲ့ပါပြီ။

image