7 d - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မန္တလေးမှ မူဆယ်သို့ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရန် ဆွေးနွေး
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်နေပြီး မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေကြောင်းသိရသည်။
တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့ရပြီး လက်ရှိတွင် တရုတ်သို့ပို့ကုန်များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှတစ်ဆင့် တင်ပို့နေရလျက်ရှိသည်။
လက်ရှိတွင် မူဆယ်ဒေသခံများ အဆင်ပြေစေရန် ဆင်ဖြူဂိတ်ကို ကုန်များ တစ်နိုင်တစ်ပိုင်သယ်ရန် ဆိုင်ကယ်နှင့် စက်ဘီးများအတွက် ဖွင့်ပေးထားပြီး နန်းတော်ဂိတ်ကို လူအဝင်အထွက်အတွက် ဖွင့်ပေးထားကြောင်း သိရသည်။

image