7 ရက် - ဘာသာပြန်ပါ။

Perplexity AI က Apple Built-in Siri ထက် အများကြီးပိုကြမ်းသွားပြီ 🫠
.
Perplexity AI ကနေ အခု iOS App အတွက် Voice Assistant ဆိုတဲ့ Feature ကို မိတ်ဆက်လိုက်ပါတယ်။ ဒါက မသိရင် တခြား Gemini ၊​ ChatGPT လို AI App တွေက Voice Mode ပုံစံမျိုးပေမယ့် Perplexity က အများကြီး ပိုကြမ်းနေတာပါ။
ဘာကြောင့်လဲဆိုတော့ Perplexity AI App က Third-party App ဆိုပေမယ့် Apple iOS ရဲ့ Native Built-in App တွေနဲ့ရော တခြား App တွေနဲ့ပါ ကောင်းကောင်းကြီးကို တွဲဖက်ပြီး အလုပ်လုပ်နိုင်တာပဲဖြစ်ပါတယ်။
ဘယ်လိုမျိုးလဲဆိုရင် Perplexity Voice Assistant ကို ခိုင်းပြီး တစ်ခုခုကို ဘယ်အချိန်မှာ Remind လုပ်ခိုင်းလို့ရတယ်၊ အဲ့ကြရင် Apple Reminder App ထဲမှာ သွားပြီး ထည့်ပေးနိုင်တယ်။ နေရာတစ်ခုခုကိုသွားချင်လို့ လမ်းပြခိုင်းရင် Apple Maps ကိုဖွင့်ပြီး Navigate တန်းလုပ်ပေးနိုင်မယ်။ အဲ့အပြင် တစ်ယောက်ယောက်ကို ဘာကိစ္စနဲ့ပတ်သက်ပြီး Email ရေးပေးပါလို့ပြောလိုက်ရင် တစ်ခါတည်း Apple Mail App ကို Mail တစ်ခုရေးပေးနိုင်တယ်။ အဲ့လိုပဲ ကိုယ့် iOS Calendar App ထဲက Event တွေကိုပါ မေးလို့ရဦးမယ်။
ဒီ iOS Native App တွေတင်မဟုတ်ပဲ​ Perplexity AI Voice Assistant ကို ခိုင်းပြီး YouTube Video တွေ ရှာဖွင့်ခိုင်းတာမျိုး၊ တစ််နေရာရာကို ကားဌားခိုင်းတာနဲ့ Uber ကို ဖွင့်ပြီး တန်းဌားပေးတာမျိုး​ (Grab တော့မရသေး) ၊ US လိုနိုင်ငံမျိုးမှာ စားသောက်ဆိုင်ကို OpenTable လို Service သုံးပြီး Booking ယူပေးခိုင်းတာမျိုးတွေ အကုန်လုပ်လို့ရတယ်။
ပြောရရင် Perplexity AI Voice Assistant က လောလောဆယ် Siri ကတောင် မလုပ်နိုင်သေးတဲ့ Multi-App Action တွေကို ခိုင်းနိုင်တဲ့ iOS အတွက် တစ်ခုတည်းသော Voice Assistant လို့တောင် ပြောလို့ရပြီ။
အကောင်းဆုံးအချက်က Apple လိုမျိုး Apple Intelligence ရတဲ့ iPhone ဖြစ်မှ ဒါတွေကို ခိုင်းနိုင်မှာမဟုတ်ဘူး။ App Store က Perplexity App ကို သွင်းပြီးတာနဲ့ ဘယ် iPhone ဖြစ်ဖြစ် Siri ထက်တောင် ပိုပြီး ခိုင်းလို့ရနေတာပါ။
Perplexity ဘက်က လုပ်ပြနေပေမယ့် Apple ဘက်ကတော့ Next Gen Siri ကို ဒီ 2025 မှာတောင် တကယ်ထုတ်ပြနိုင်ပါ့မလားတောင် မသိတော့ တော်တော်အခြေအနေဆိုးနေတာပဲ 🫠

image