1 ပတ် - ဘာသာပြန်ပါ။

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးပြီးသွားတဲ့နောက် NASA က geologist /scientist များဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအခြေအနေများကို လေ့လာဖို့ European space agency က လွှတ်တင်ထားတဲ့ Copernicus sentinel EU နဲ့ အခြား satellites များကရတဲ့အချက်အလက်တွေပေါ်အခြေခံပြီး ငလျင်လှုပ်ခတ်ရာဒေသရဲ့ မြေမျက်နှာပြင်ပြောင်းလဲဖြစ်ပေါ်မှု ဘယ်လောက်သက်ရောက်သွားလည်းဆိုတာကို ခြေရာခံခဲ့ကြပါတယ်။
ပုံမှာတွေ့ရတဲ့ ဒေတာများအရ အနီရောင်အစက်များဟာ မြောက်ဘက်ကိုဦးတည်ရွေ့သွားတဲ့ မြေမျက်နှာသွင်ပြင်များဖြစ်ပြီးတော့ အပြာရောင်အစက်များဟာ တောင်ဘက်အရပ်ကို ပြောင်းလဲရွေ့လျားသွားတဲ့ မြေမျက်နှာပြင် အချက်အလက်များဖြစ်ပါတယ်။ဒီ အချက်အလက်များအရ အနည်းဆုံး ပြတ်ရွေ့ကြောလှုပ်ခတ်မှုကြောင့် ဘေးနားက မြေမျက်နှာပြင်နှစ်ခုအနေအထားဟာ ၃မီတာ (၁၀ပေခန့် အကွာ အဝေး ) တစ်ချို့နေရာတွေမှာ ၆မီတာ(၁၈ပေခန့်အကွာအဝေး) အထိ မြေသားများကွာဟ ပြောင်းလဲမှုများဖြစ်ပေါ်သွားပါတယ်။ဒီလိုမြေသားပြောင်းလဲပြတ်ရွေ့သွားတဲ့ဒေသများဟာ စုစုပေါင်း ကီလိုမီတာ ၅၅၀ ခန့်အထိရှိနေတာကိုလည်း တွေ့ရပါတယ်။
၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကြီးဟာဖြစ်တောင့်ဖြစ်ခဲ့ supershear earthquake လို့ခေါ်တဲ့ ငလျင်အမျိူးအစားဖြစ်ပါတယ်။ဒီလိုငလျင်လှုပ်ခတ်မှုမှာ ငလျင်ကြောင့်ဖြစ်ပေါ်တဲ့ seismic လှိုင်းများထက် မြေသားပြတ်ရွေ့သွားတာက ပိုမိုမြန်ဆန်တာကြောင့် seismic လှိုင်းတွေ နေရာဝေးဝေးကို မြန်မြန် travel လုပ်နိုင်သွားတာကြောင့်အခုလို ဖျက်အားပြင်းတဲ့ ငလျင်ကြီးအဖြစ် ရောက်ရှိသွားရတာလည်းဖြစ်ပါတယ်
စစ်ကိုင်းငလျင်ကြောကြီးဟာ မြန်မာနိုင်ငံရဲ့တည်နေရာကို အလျားလိုက်တည်ရှိနေပြီး ကီလိုမီတာ 1400 ခန့်ရှည်လျားတဲ့ အဓိကငလျင်ပြတ်ရွှေ့ကြောကြီးဖြစ်ပါတယ်။ဒီဒေသမှာငလျင်လှုပ်ခြင်းများဟာ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်းမှစလို့ ၇.၀ ရစ်ချက်စတာစကေး ထက် များတဲ့ ငလျင်ခြောက်ခုလှုပ်ခဲ့ဖူးပါတယ်။
ငလျင်လှုပ်ခတ်ရခြင်းများဟာ ကမ္ဘာ့အပေါ်ယံမြေလွှာအောက်မှာရှိနေတဲ့ tectonic plates များ အချင်းချင်းပွတ်တိုက်ရွေ့လျားမှုကြောင့် အချိန်ကာလတစ်ခုကြာတဲ့အခါ ရုတ်ခြည်းဖြစ်ပေါ်လာတဲ့ စွမ်းအင်ထုတ်လွှင့်မှုဖြစ်ပါတယ်။ ရေအောက် မီးတောင်ပေါက်တဲ့အခါမှာလည်း ငလျင်လှုပ်ခတ်နိုင်ပါတယ်။ကမ္ဘာ့မြေလွှာအောက်မှာ ရုတ်ချည်းဖြစ်တာကြောင့် ကြိုတင်ခန့်မှန်းလို့လည်းမရသလိုဖြစ်ပေါ်လာမယ့် နေရာအတိအကျလည်း မှန်းလို့မရပါဘူး။
ငလျင်ဖြစ်ပေါ်မှုကို မည့်သူကမှ တိတိကျကျကြိုတင်ခန့်မှန်းခြင်းများမလုပ်နိုင်သေးပေမယ့် အခုလို satellite ပုံရိပ်များ တတ်သိနားလည်တတ်ကျွမ်းတဲ့ ပညာရှင်များရဲ့လေ့လာချက်တွေကြောင့် ငလျင်လှုပ်ခတ်ရခြင်းနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ငလျင်မှာ လိုအပ်ချက်အားနည်းချက်များကို သိရှိပြီး အနာဂတ်မှာလိုအပ်သလို ပြင်ဆင်နိုင်မှာလည်းဖြစ်ပါတယ်။

image