ကြက်ပေါင်ရင်း အချိုကြော်
ကလေးတွေ အရမ်းကြိုက်တဲ့ ကြက်ကြော်နည်းလေးတခု ကို မေမေတို့ကို ပြောပြပါရစေ။
တင်ဖူးပါတယ်။
အိမ်မှာ ကြက်ကို ပေါင်သားပဲ သုံးတာ များပါတယ်။ ရင်အုပ်သားက ဖွယ်ဖွယ်ကြီး မို့လို့ သိပ်မကြိုက်ပါဘူး။
ကျမက ပေါင်ခြမ်းကိုသာ ဝယ်ပြီး ပေါင်လုံးသက်သက် ၊ ပေါင်ရင်းသက်သက် ခွဲထားပြီး သုံးပါတယ်။
ရင်အုပ်သားနဲ့ကြော်လည်းရပါတယ်။
ပေါင်လုံးကို ကြော်ရင်လည်း ပိုကောင်းတာပေါ့နော်။
ကြော်နည်းလေးက လွယ်ကူ မြန်ဆန်လှပါတယ်။
ပထမဆုံး ကြက်ပေါင်ရင်းလေးတွေ ရေဆေး သန့်စင်ပြီး ဒယ်အိုးထဲ ကြက်သားနူးရုံ ရေထည့်ပါ။ ဆား ၊ အရသာမှုန့်၊ ငရုတ်ကောင်းမှုန့် ၊ ပဲငံပြာရည် အကျဲ ၊ ပဲငံပြာရည် အပျစ် နဲ့ အတူ ဆီကိုပါ တခါတည်း ထည့်ပါနော်။ ပြီးရင် မီးဖွင့်ပြီး ရေကုန်တဲ့အထိ တည်ပါ။ဟိုဘက် ၊ ဒီဘက် ကို နှစ်ခါ၊ သုံးခါ လောက်လှန်ပေးပါ။
ရေခမ်းပြီး ဆီကြီးပဲကျန်ရင် ၊ မီးအေးအေးနဲ့သာ ကြော်ပါ။ တဖက်ကို ငါးမိနစ်လောက်နှုန်းနဲ့ နှစ်ဖက်လုံး ကို ကြော်ပေးပါ။ မီးပြင်းရင် မဲပြီး တူးနေတဲ့အရောင်ပဲ ဖြစ်သွားမှာပါနော်။ပြီးရင် မီးပိတ်ပြီး ချလိုက်ပါတော့။
ရပါပြီးရှင့် ကြက်ပေါရင်အချိုကြော်လေး။ စားလို့ရပါပြီးရှင့်။
ထပ်လုပ်ချင်ရင် ကြက်ကြော်ဆီလေးနဲ့ ထမင်းဖြူလေးနဲ့ နယ်ပါ။
ပြီးရင် ပုံစံခွက်ထဲထည့် ပြီး၊ စားမယ့် ပန်းကန်ပြားထဲ ဖြည်းဖြည်းလေးမှောက်ထည့်လိုက်ပါနော်။ကြက်ကြော်လေးနဲ့စားရင်လေ ကြက်ဆီထမင်းလို မျိုးလေး ဖြစ်ပြီး အိမ်က ကလေးတွေ သိပ်ကြိုက်ပါ။
အ်ိမ််မှာ ကလေးတွေ ရှိရင် တခါလောက်ကြော်ကျွေးကြည့်ပါ ။
ဒီလိုပုံစံလေး ကြော်ရင် ကလေး တွေ သိပ်ကြိုက်လို့ မေမေတို့ကို မျှဝေပေးတာပါ။
ကြော်ကြည့်နော်။

image