1 w - Translate

မျက်မမြင်တွေ AI မျက်မှန်ကြောင့် အကူအညီ မလိုဘဲ လမ်းလျှောက်နိုင်ပြီ
=========================================
AI ဟာ လူသားတွေကို များစွာ အကျိုးပြုလာပြီ ဖြစ်ပါတယ်။ အခုတော့ AI ကြောင့် မျက်မမြင်တွေ၊ အမြင်အာရုံ အားနည်းသူတွေဟာ တခြားလူ အကူအညီ မလိုဘဲ လမ်းလျှောက်နိုင်တော့မှာ ဖြစ်ပါတယ်။
တရုတ်မှ Shanghai Jiao Tong တက္ကသိုလ်က AI မျက်မှန် သို့မဟုတ် Wearable AI Device တစ်ခုကို တီထွင်လိုက်ပါတယ်။ မျက်မမြင်တွေက အဲဒီ မျက်မှန်ကို တပ်ထားရင် AI က ပတ်ဝန်းကျင်မှ အရာဝတ္ထုတွေကို လေ့လာဆန်းစစ်ပြီး လျှောက်ရမယ့်လမ်းကို အသံနဲ့ လမ်းညွှန်ပေးပါတယ်။ ဒီလို ပြုလုပ်ပေးနိုင်အောင် မျက်မှန်မှာ ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။
AI မျက်မှန်ကို အမြင်အာရုံ အားနည်းတဲ့ လူ ၂၀ နဲ့ စမ်းသပ်ပြီးပြီ ဖြစ်ပြီး မိနစ် ၂၀ အတွင်းမှာ တခြားလူရဲ့ အကူအညီ မလိုဘဲ လမ်းလျှောက်နိုင်တာကို တွေ့ရပါတယ်။
အဲဒီ မျက်မှန်ဟာ လက်ရှိမှာ Indoor မှာပဲ အလုပ်လုပ်သေးပြီး Outdoor မှာ အလုပ်လုပ်အောင် ပညာရှင်တွေက ဆက်လက် ဖန်တီးကြမှာ ဖြစ်ပါတယ်။
Ref : Tech Explorers

image