နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (၃၇) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို တက်ရောက်
*********************
(ပြည်တွင်း) ဧပြီ ၂၃
ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့မှာ ဧပြီလ ၂၂ ရက်ကကျင်းပခဲ့တဲ့ (၃၇) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သော နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးမှာ အာဆီယံနှင့် အမေရိကန်နိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည် ဖော်တဲ့လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ ဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများနှင့် ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြ ပါတယ်။
ဒါ့အပြင် အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျုဟာမြောက် ဆက်ဆံရေးဆိုင်ရာ ဆောင်ရွက် ချက်များနှင့် အာဆီယံနှင့်အမေရိကန်နိုင်ငံတို့ကြား ယခုနှစ်လတွင်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးကို အာဆီယံ-ကမ္ဘောဒီးယားအဆင့်မြင့်အရာရှိကြီး H.E. KUNG PHOAK နှင့် အမေရိကန်-အာဆီယံဆိုင်ရာအဆင့်မြင့်အရာရှိကြီး H.E. SEAN O’Neill တို့က ပူးတွဲသဘာပတိများအဖြစ် ကြီးမှူး ကျင်းပခဲ့တာ ဖြစ်ပါတယ်။
