Snapdragon 8+ Gen 1 နဲ့ လာတဲ့ ဒေါ်လာ ၂၅၀ တန် Honor ဖုန်း
SoC မြင့်ပြီး ဘက်ထရီပါဝါကောင်းတဲ့ တန်ဖိုးသင့် Honor X60 GT ထွက်လာပါတယ်။
Honor X60 GT မှာ ခေတ်ပေါ် flat body ဒီဇိုင်း ၊ ကျောဘက်စတုရန်းပုံကင်မရာအိမ်တွေနဲ့ လာပြီး display ၊ SoC ၊ ဘက်ထရီပိုင်းတွေက ပေးရတဲ့ ဈေးနှုန်းနဲ့ တန်အောင် မြင့်ပါတယ်။ ၆.၇ လက်မ AMOLED display က 2664 x 1200p ရုပ်ထွက်နဲ့ လာပြီး နေရောင်စူးစူးအောက်မှာတောင် ဖုန်းကောင်းကောင်း ကြည့်နိုင်မယ့် 5000 nits တောက်ပမှု ပါပါတယ်။
Qualcomm ထုတ် စွမ်းဆောင်ရည်မြင့် Snapdragon 8+ Gen 1 processor နဲ့ မောင်းနှင်ထားတာ ဖြစ်လို့ ဂိမ်းကစားတာနဲ့ apps တွေ အများကြီး multitasking သုံးတာတွေမှာ သာသာယာယာ ဖြစ်နေပါလိမ့်မယ်။ memory ကို 12/16GB နှစ်မျိုးနဲ့ လာသလို storage အနေနဲ့လည်း 256GB နဲ့ 512GB ဆိုပြီး ရွေးနိုင်ဦးမှာပါ။
ဒီဖုန်းရဲ့ အဓိက feature တစ်ခုက ဘက်ထရီပါ။ 6300mAh ဘက်ထရီအကြီးစား သုံးထားပြီး 80W fast charging ပါလို့ ၁၅ မိနစ်လောက် အားသွင်းတာနဲ့ ၄၇% လောက်အထိ အားသွင်းနိုင်ပါလိမ့်မယ်။ bypass charging လည်း ပါလို့ အားသွင်းရင်း ဖုန်းသုံးရင်လည်း charger တိုက်ရိုက်ဖြစ်လို့ ဘက်ထရီထိမှာ မဟုတ်ပါဘူး။
ဂိမ်းအကြီးတွေ ကစားချိန် ဖုန်းအပူလျှော့ဖို့ ၅၅၁၄ စတုရန်းမီလီမီတာ အကြီးစား VC အအေးပေးစနစ်လည်း ထည့်ပေးထားပါတယ်။ ကင်မရာကတော့ ကျောဘက် OIS သုံး 50MP Main sensor နဲ့ 2MP depth sensor နှစ်လုံး ၊ ရှေ့ 16MP selfie ကင်မရာတစ်လုံး ပါပါမယ်။
AI လုပ်ဆောင်ချက်တွေ ပါတဲ့ MagicOS 9.0 နဲ့ လာပြီး အရောင်အနေနဲ့ အနက် ၊ အဖြူ ၊ အပြာ သုံးရောင် ထွက်ပါတယ်။ တရုတ်ဈေးကွက်မှာတော့ ၁၇၉၉ ယွမ် (ဒေါ်လာ ၂၅၀) ဈေးနဲ့ စပြီး ရောင်းနေတယ်လို့ ဆိုပါတယ်။
