1 w - Translate

CapCut အစား စမ်းကြည့်သင့်တယ် 👀
.
Instagram ကနေ တလောတုန်းက US ကနေ ByteDance ပိုင် TikTok နဲ့ CapCut လို App တွေကို Ban ခဲ့တုန်းက ကြေညာခဲ့တဲ့ Video Editing App အသစ် - Edits ကို အခု iOS နဲ့ Android ၂ မျိုးစလုံးမှာ စပြီး အသုံးပြုလို့ရပြီဖြစ်ပါတယ်...။
အခု Edits App က ပြောရရင် Instagram ကထုတ်တာဖြစ်လို့ Instagram Account နဲ့ Sign-in ဝင်ပြီး တန်းသုံးလို့ရမယ်။ Instagram က တခြား Creator တွေရဲ့ Reels တွေကိုပါ Inspiration အနေနဲ့ကြည့်လို့ရမယ့်အပြင် Audio ကို ပြန်သုံးတာမျိုး၊ နောင်အတွက် Save ထားတာရော၊ ဒါမှမဟုတ် ကိုယ်ကြည့်နေတဲ့ Reels မှာ ပြန်ရိုက်ချင်တဲ့ Idea ကို Sticky Notes ပုံစံမျိုးတွဲပြီး ရေးမှတ်ထားလို့လည်းရတယ်။
နာမည်က Edits ဆိုပေမယ့် သဘောကျဖို့ကောင်းတာက ဒီ Edits App မှာတင် TikTok လိုပဲ Video ပါ ၁၀ မိနစ်အထိ တန်းရိုက်လို့ရတယ်၊ Video UI ကအစ တော်တော်လေး သုံးရအဆင်ပြေတယ်၊ Resolution တွေလည်း 4K အထိ 60fps ကိုမှ HDR နဲ့ရိုက်မလားပါ ရွေးလို့ရတယ် - ပြီးတော့ Reaction လိုမျိုး ရိုက်မယ်ဆိုရင်လည်း Auto Green Screen အနေနဲ့ ရိုက်ပေးနိုင်တာမျိုးက အဆင်ပြေတယ်။
Edit တကယ်လုပ်တဲ့အချိန်မှာလည်း လောလောဆယ် စမ်းကြည့်သလောက် အဆင်ပြေတယ်၊ Audio ပြောင်းတာတွေ၊ Voiceover Recording တွေ၊ Auto Caption ထိုးတာမျိုး၊ Sound Effect ထည့်တာမျိုး၊ Background ဆူညံသံကို လျော့တာတွေပါ အကုန်လုပ်လို့ရမယ်။ Video Edit ပိုင်းမှာလည်း Tools တွေစုံတယ်၊ Transition လုပ်တာတွေ၊ Effect တွေ တခြားပုံမှန်သုံးနေကြအကုန်ပါတယ်။ CapCut လိုမျိုး Watermark လည်းမပါဘူးဆိုတော့ ပိုအဆင်ပြေတယ်။
ပြီးတော့ ကိုယ်တင်ထားတဲ့ Reels တွေကိုလည်း ဘယ်လောက် Engagement ရသလဲဆိုတာကို ပြန်ပြီး ကြည့်လို့ရတဲ့ Insights Page လည်း ထည့်ပေးထားတယ်။ ဆိုတော့ ဘယ်လို Edit မျိုးက ပို Reach ရောက်လဲဆိုတာ ပြန်ကြည့်ရတာလည်း လွယ်သွားပြီ။​
ဘာပဲဖြစ်ဖြစ် လောလောဆယ် Video Editing App တွေထဲမှာ ဒီလို Shorts Video/ Vertical Video တွေ Edit ဖို့ App ရှာနေရင် ဒီ Instagram Edits ကလည်း စမ်းကြည့်သင့်တဲ့ App တစ်ခုဖြစ်လာပြီ...။​

image