2 ပတ် - ဘာသာပြန်ပါ။

တရုတ်မှာ ကမ္ဘာ့ ပထမဆုံး 10G အင်တာနက် လာပြီ
==============================
5G တွေ 6G တွေ နားလိုက်တော့။ တရုတ်မှာ 10G အင်တာနက်ကို ဝန်ဆောင်မှုပေးလိုက်ပါပြီ။ ဘေဂျင်းရဲ့ အနောက်တောင်ဘက် ၇၀ မိုင်မှာ တည်ရှိတဲ့ နည်းပညာမြို့တော် Xiong’an မှာ 10G အင်တာနက်ကို ဝန်ဆောင်မှုပေးလိုက်တာ ဖြစ်ပါတယ်။
10G အင်တာနက်ရဲ့ ဒေါင်းလုပ် အမြန်နှုန်းဟာ တစ်စက္ကန့်ကို 10 Gigabytes ရှိပြီး 8K Video တွေကို ကြည့်ရှုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ 10G အင်တာနက်ဟာ AI နည်းပညာကို များစွာ အထောက်အကူပြုမှာ ဖြစ်ပြီး မောင်းသူမဲ့ ကား၊ Virtual Reality (VR) ၊ Augmented Reality (AR) နဲ့ စမတ် မြို့တော်တွေကို တိုးတက်စေမှာ ဖြစ်ပါတယ်။ 10G အင်တာနက်ဟာ စမတ်မြို့တော်တွေကို ချိတ်ဆက်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
10G အင်တာနက်ကို Huawei နဲ့ China Unicom တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး 50G-PON နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒီအမြန်နှုန်းနဲ့ ဆိုရင် အရွယ်အစားကြီးမားတဲ့ ရုပ်ရှင်ဖိုင်တွေကို စက္ကန့်ပိုင်းအတွင်း ဒေါင်းလုပ်လုပ်နိုင်ပြီး အွန်လိုင်း ဂိမ်းတွေကို Lag မရှိဘဲ ကစားနိုင်မှာ ဖြစ်ပါတယ်။

image