ဘုံဘေဘားမား သစ်ကုမ္ပဏီကို
မြန်မာအစိုးရက ဒဏ်ရိုက်လိုက်သည့်အခါ
၁၈၈၅ ခု၊ အောက်တိုဘာလထဲတွင်
အင်္ဂလိပ်က ရာဇသံပေးပို့ခဲ့သည်။
ထိုရာဇသံပါ အချက် အလက်များအားလုံး
လိုက်နာရမည်ဖြစ်ကြောင်းဖြင့်
ထိုရာဇသံတွင် ပါရှိသည်။
မြန်မာတို့က ရာဇသံကိုပယ်ချလိုက်ပြီးနောက်
နိုဝင်ဘာ ၁၄ ရက်နေ့တွင်
အင်္ဂလိပ်တပ်များသည် နယ်စပ် ကို
ဖြတ်ကျော်လာခဲ့ကြကာ
နှစ်ပတ်အတွင်းတွင် မန္တလေးကို
သိမ်းပိုက်ကြသည်။
ထိုအဖြစ်အပျက်သည်
သမိုင်းလမ်းကြောင်း ဖြစ်လေသည်။
တင်နီဆင်ဂျက်ဆီနှင့် ဆွင်းဟိုးတို့ပြောသလို
ဖဲင်နီ (ကာလိုဂရီဒီ)က ပြင်သစ်-မြန်မာ
လျှို့ဝှက်စာချုပ်ကို ခိုးပေးသည့်အတွက်
မန္တလေးကို သိမ်းပိုက်လိုက်ရသည်ဆိုသည်မှာ
သမိုင်းအမြင်ဖြင့်ကြည့်လျှင်
သေးဖွဲလွန်းနေသည်။ ဖဲင်နီသည်
ထိုလည်ပတ်နေသော သမိုင်းယန္တရားကြီးထဲမှ
ဝက်အူ ကလေးတစ်ခုသာလျှင် ဖြစ်သည်။
ထိုနေရာတွင် ဖဲင်နီမရှိလျှင်လည်း
တစ်ဦးဦးပေါ်လာဦး မည်သာဖြစ်သည်။
ထိုအကြောင်းပြချက် မရှိလျှင်လည်း
အင်္ဂလိပ်သည် အထက်မြန်မာပြည် ကို
အကြောင်းတစ်ခုခုရှာ၍ သိမ်းပိုက်ဦးမည်သာဖြစ်သည်။ သမိုင်းအဖြစ်အပျက်ကြီးတစ်ခု
ပေါ်ပေါက်လာရခြင်းမှာ တစ်ခုတည်းသော
အကြောင်းကြောင့် မဟုတ်နိုင်။ မဖြစ်နိုင်။
ရာပေါင်းများစွာသောအကြောင်းများ
ဆုံစည်းတိုက်ဆိုင်ရာမှ ပေါ်ပေါက်လာရခြင်းသာ
ဖြစ်ပါသည်။ တင်နီဆင်ဂျက်ဆီ၏
“ယွန်းခင်ခင်”ကို နောက်တစ်ခေါက်
ပြန်ဖတ်သည့်အခါတွင် ကျွန်တော်သည်
သမိုင်းအမြင်၊ သမိုင်းအတွေးဖြင့်
ဖတ်တတ်လာခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ
တင်နီဆင်ဂျက်ဆီ၏ “ယွန်းခင်ခင်”သည်
ဝတ္ထုတစ်ပုဒ်အနေဖြင့် ဆွဲဆောင်မှုရှိသော
ဝတ္ထုတစ်ပုဒ်ဖြစ်သည်
_ _ _ _ _ _ _ _ _ _
▫️မြသန်းတင့်▫️
❝ ချစ်သောယွန်းခင်ခင် ❞
