#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် စီအိုင်ရုံးများ ဖွင့်လှစ်ရန် ထိုင်းအတည်ပြု
မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် CI ရုံးများ ဖွင့်လှစ်သွားရန် သက်ဆိုင်ရာအဖွဲ့အစည်းများက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းပြည်တွင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။
ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်ပြုလုပ်ရန် ရုံးများကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးများအစည်းအဝေးတွင် အတည်ပြုခဲ့ပြီးဖြစ်ကြောင်းသိရသည်။
စင်တာများဖွင့်လှစ်မည့်နေရာနှင့် ဖွင့်မည့်အရေအတွက်အား ထိုင်း-မြန်မာအစိုးရအချင်းချင်း တိုင်ပင်ဆွေးနွေး ကြေညာသွားမည်ဖြစ်ပြီး မြန်မာအစိုးရနှင့်ထိုင်းနှစ်နိုင်ငံအစိုးရချင်း ဆွေးနွေးပြီး ညှိနှိုင်းသဘောတူညီမှုရရှိပြီးပါကအသေးစိတ်အချက်အလက်များကို ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားလူသစ်များအတွက် CI ထုတ်ပေးရန်နှင့် ပတ်သက်ပြီး သတင်းများထွက်ပေါ် နေပြီး လူဟောင်းများအတွက် မည်သို့လုပ်ဆောင်ပေးသွားမည်ဆိုသည့်သတင်းများ မကြားရသေးကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်နေသူများက သုံးသပ်နေကြကြောင်း သိရသည်။
ဓာတ်ပုံ - CJ
