#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်လူမျိုး ၁၅ဝ ကျော် ရုရှားနှင့်အတူ တိုက်ခိုက်နေကြောင်း ယူကရိန်းပြောကြား
ယူကရိန်းစစ်မြေပြင်၌ ရုရှားတပ်များနှင့်အတူ ပူးတွဲတိုက်ခိုက်နေသော တရုတ်နိုင်ငံသား ကြေးစားတပ်ဖွဲ့ဝင် ၁၅၀ ကျော်အထိရှိကြောင်း ယူကရိန်းတာဝန်ရှိသူများက ဧပြီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရုရှားတပ်များနှင့်အတူ ယူကရိန်းစစ်မြေပြင်၌ တိုက်ခိုက်နေသော တရုတ်နိုင်ငံသား နှစ်ဦးကို ယူကရိန်းတပ်များက ဖမ်းဆီးထိန်း သိမ်းထားကြောင်း သမ္မတဇီလန်စကီးကပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် တရုတ်ကြေးစားတပ်ဖွဲ့ဝင်များ အရေအတွက် သတင်းပေါ်ထွက်လာခြင်း ဖြစ်သည်။
မိမိတို့ရရှိထားသော ထောက်လှမ်းရေး သတင်းအချက်အလက် အသေးစိတ်များအရ ရုရှားနိုင်ငံအနေဖြင့် တရုတ်ကြေးစားတပ်ဖွဲ့ဝင် ၁၅၀ ကျော်ကိုလူမှုမီဒီယာမှတစ်ဆင့် ခေါ်ယူခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားထားသည်။
သို့ရာတွင် ယူကရိန်းနိုင်ငံ၏အထက်ပါပြောကြားချက်ကို တရုတ် အစိုးရတာဝန်ရှိသူများက လုံးဝအခြေအမြစ်မရှိသော သတင်းအဖြစ် ငြင်းပယ်ထားသည်။
တရုတ်နိုင်ငံသည် သုံးနှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲကာလ အတွင်း ရုရှားနိုင်ငံကို သံတမန်ရေးအရ ထောက်ခံမှုပေးခဲ့သလို စစ်ရေးအတွက်ပါ အသုံးချနေသော စက်ယန္တရားများနှင့် အီလက်ထရွန်နစ်ပစ္စည်းများ ရောင်းချပေးခဲ့ကြောင်း အနောက်အုပ်စုနိုင်ငံများက ပြောကြားထားသည်။
သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအတွက် တပ်ဖွဲ့ဝင်နှင့် လက်နက်များတိုက်ရိုက်ကူညီမှု၊ စစ်ရေးနည်းပညာအရ အကူအညီပေးမှုများပြုလုပ်ခဲ့သော အထောက်အထား မျိုးမတွေ့ရသေးပေ။
ရိုက်တာ

image