5 w - Translate

ကိုယ့်စိတ်က ကြီးလာတော့
ပြဿနာတွေက သေးသွားတယ် ။
မြင့်မိုရ်တောင် ဇီးစေ့နဲ့ပေါက်သလိုပေါ့
ကိုယ့်ကိုယ်ကို အသေးအမွှားတွေထက်
မြင့်တယ်လို့ သဘောထားတာဟာ
ဘဝင်မြင့်တာ မဟုတ်ပါဘူး ။
သိမ်ဖျင်းမှု မှန်သမျှကို
ဥပက္ခာပြုနိုင်တဲ့စိတ်က
အလေးအမြတ် ဖြစ်လာတာပါ ။
ကိုယ့်ဘဝကိုယ် စိတ်ရှင်းရှင်း အတွေးရှင်းရှင်းနဲ့
နေသွားချင်တယ်ဆိုတာ
မတတ်သာလို့ လုပ်ရတဲ့ကိစ္စ မဟုတ်ဘူး ။
အသိဉာဏ်နဲ့ ရွေးချယ်ယူလိုက်တာပါ ။
အဲဒါ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး ။
ကိုယ့်အတွက်ပါ ။
ကိုယ်ဘယ်လိုလူစားလဲဆိုတာ
ကိုယ့်ဘာသာသိဖို့ ကိုယ့်အတွက် အရေးအကြီးဆုံးပါ ။ လောကအကြောင်း လူတွေအကြောင်း
ကိုယ့်စိတ်အကြောင်း အမှန်အတိုင်း သိမြင်လာမှုက စိတ်ပျက်လက်ပျက် ဖြစ်နေမှုကနေ
နှိုးထလာစေပါတယ် ။
ပြီးတော့ ကြည်လင်အေးချမ်းတဲ့သူ တစ်ယောက်
ဖြစ်စေပါတယ် ။
ကြုံခဲ့ရတဲ့ အရာမှန်သမျှကို ကျေနပ်ပါတယ် ။
#စိတ်ရဲ့ငြိမ်သက်ခြင်း #ထက်ထက်ထွန်း (Waterfall)

image