6 w - Translate

❛ အ စိမ်း ရောင် နှစ် များ ❜
ဤဝတ္ထု၏ အဓိကဇာတ်ကောင်သည်
အသက်အားဖြင့် အလွန်နုနယ်ငယ်ရွယ်
သေးသည့် “ရောဘတ်ရှန်နွန်” အမည်ရှိ
ကလေးသာသာ လူငယ်တစ်ယောက်ဖြစ်၏။
သူ့အသက်အရွယ်သည်
မလိမ်မိုးမလိမ္မာအရွယ်ဖြစ်သည်။
မနူးမနပ် စိမ်းဆတ်ဆတ်အရွယ်ဟုလည်း
ဆိုနိုင်ပါ၏။ ဤအတွက်ကြောင့် လည်း
အေဂျေကရိုနင်က သူ့ဝတ္ထုကို
(The Green Year's) ဟု အမည်
ပေးခဲ့ခြင်း ဖြစ်ဟန်တူပါသည်။
ရောဘတ်ရှန်နွန်၏ ဘဝသည်
အခက်အခဲများ၊ အနှောင့်အယှက်များ၊
အဖျက်အဆီးများနှင့် အဟန့်အတားများကို
အမြဲတစေ ရင်ဆိုင်နေရ သောဘဝဖြစ်သည်။
သူ တည်မှီရာ ပတ်ဝန်းကျင်ကလည်း
အကောင်းအဆိုး နှစ်မျိုးရောစပ်နေသည်
ဖြစ်ရာ အမြဲတစေ အဆင်ပြေနေသည်မဟုတ်။ အဆင်ပြေနေသည့်အခါ ပြေသော်လည်း
ပဋိပက္ခဖြစ်သည့်အခါ ဖြစ်ရသည်။
ထိုအခါမျိုးတွင် သူ ဉာဏ်မီသမျှ
စဉ်းစားဆင်ခြင်၍ အနိုင်မခံ
အရှုံးမပေး သော စိတ်ကိုမွေးကာ
ရုန်းကန်လှုပ်ရှားရသည်။ ဤအဖြစ်ကိုပင်
အေဂျေ ကရိုနင်က သူ၏
ထက်မြက်သော ကလောင်ဖြင့်
အသက်သွင်းထားခဲ့ခြင်းပင်
ဖြစ်ပါလေသည်။
_ _ _ _ _ _ _ _ _ _ _
▫️မောင်ထွန်းသူ▫️

image