7 w - Translate

ငါ့တုန်းကဆိုရင်လို့
ပြောတဲ့လူတွေနဲ့ ဝေးဝေးမှာပဲနေချင်တယ် ၊

လိပ်ပြာဖြစ်ကာစ
အကောင်ပေါက်ကလေးတွေ စိတ်ရှိတိုင်း
ပျံထွက်သွားနိုင်ကြဖို့ရာ အတွက်
အိမ်ပြတင်းတံခါးတွေကို
ထထပြီးတော့ ဖွင့်ပေးနေခဲ့လိုက်ချင်တယ်။

အဆင်ပြေရင်
မိုးလည်း အုံ့နေစေချင်တယ်။
မှောင်ကျသွားမယ့်အချိန်တွေကိုလည်း
ဒီထက်ပိုပြီးတော့ နောက်ကျနေစေချင်တယ်။

ပကတိအတိုင်း မရှိတဲ့
ငါ့ရဲ့ စိတ်တွေကိုလည်း
ပြန်ပြီးတော့ တည်ငြိမ်လာစေချင်တယ်။

တစ်ခါလောက်ဖြစ်ဖြစ်
ကိုယ့်ငေးနေတဲ့နေရာဟာ ရုပ်ရှင်ထဲကလို
ပန်းတွေ တဖြည်းဖြည်း ပွင့်လာခဲ့တဲ့
ဇာတ်ဝင်ခန်းမျိုး ဖြစ်သွားစေချင်တယ်။

ငါ စကားတွေ အရမ်းနည်းလာချင်နေတယ်။

ကိုယ့်ဘေးမှာ အမှန်အတိုင်းတွေ
ပိုပြီးတော့ များများလာစေချင်တယ်။

ခလုတ်ခဏခဏထိချင်တယ်။
ထူးမယ့်သူရှိရင်
အမိလို့လည်း တခွင့်ရချင်တယ်။

တစ်နေ့တော့ဆိုတဲ့ နေရာကို
ငါတကယ်သိချင်တယ်။

တကယ်လို့များ ခြေဦးတည့်ရာ
ထွက်သွားမိခဲ့ရင်တောင်မှ
ကောင်းရာမွန်ရာပဲ ရောက်ရမှာပါလို့
ငါအမြဲ လိုလို ယုံကြည်ထားလိုက်ချင်တယ် ။

[ ချစ်မင်းဝေ ]

▪️

image