8 w - Translate

ခုချိန်မှတော့
လီနင်အစစ်ကိုလည်း မတွေ့ချင်တော့ပါဘူး
လင်ကွန်းအစစ်ကိုလည်း မတွေ့ချင်တော့ပါဘူး
ဗြဟ္မစိုရ်တရားကိုသာ တွေ့ချင်ပါတော့တယ်
ငယ်ငယ်တုန်းက
ရော့ခ်ဂီတနဲ့ မာရီဝါးနားကို ကြိုက်တယ်
အရွယ်ရလာတော့
အပါယ်ကျမှာ ကြောက်တယ်
တစ်ဘဝလုံး ခါချကာမှ
ကဗျာလေး တစ်ပုဒ်စ နှစ်ပုဒ်စနဲ့
ငါ့ကို ဘာကောင်လဲလို့ မမေးနဲ့
ဧည့်စာရင်းတိုင်နေရတဲ့ နိုင်ငံသားတစ်ယောက်

▪️လှသန်း▪️

" မကြီးမငယ်တစ်ယောက်ရဲ့
ကိုယ့်ကိုယ်ကို စစ်တမ်း / မှ

image