ချီကာဂိုမြို့ရဲ့ လပြည့်ညတစ်ည...
အဆောက်အဦးပျက်ကြီးတစ်ခုထဲမှာ အမျိုးသမီးတစ်ယောက် မော်ဖင်းဆေးထိုးအပ်တွေတန်းလန်းနဲ့ နာကျင်မှုကိုအံတုရင်း မိန်းမောနေလေရဲ့....ခနမှာတော့ သူမဟာ မတူညီတဲ့ နေရာတွေက လူ၈ယောက် ဆီရဲ့အိပ်မက်ထဲမှာ ရောက်နေတော့တယ် ထိုသူတွေကတော့ သူမနောက်ဆုံး ဖန်တီးခဲ့တဲ့ Sensate အစုအဝေး ၊ Cluster တစ်ခုပါပဲ...အဲ့ဒီ့သူတွေကိုမြင်ပြီးနောက်မှာ သူမ စိတ်အေးသွားခဲ့ပါပြီ...
ဒါကတော့ နက်ဖလစ်(စ်) ကနေ Streaming လုပ်ခဲ့တဲ့ Sense8 ဆိုတဲ့ show ရဲ့ အဖွင့်ပေါ့...ဒီ စီးရီးက ပေးချင်တဲ့ ရိုးရှင်းအတွေးအခေါ်လေးတစ်ခုကို တင်ဆက်ပုံတွေ ဇာတ်လမ်းဇာတ်ကွက်တွေ ရသမြောက်မှုတွေပါတာကြောင့်၊ လူသိနည်း ပညာသားပါတဲ့ Underrated series ဖြစ်တဲ့အတွက်ကြောင့်၊ ပြီးတော့ အခုက Pride Month ရောက်တော့မှာဖြစ်တဲ့အတွက်ရော ဝေမျှပေးချင်ပါတယ်...
Sense8 ဆိုတဲ့အတိုင်း အဓိက ဇာတ်ဆောင် ရှစ်ယောက်၊ အမေရိကန်၊ အင်္ဂလန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျာမဏီ၊ စပိန်၊ အိုက်စ်လန်း ဆိုတဲ့ နေရာ ရှစ်ခု။ သူတို့တွေက Psychic Energy ကို လက်ခံရရှိတဲ့ Sensate ဆိုတဲ့ စိတ်ချင်းဆက်သွယ်ကူးလူးနိုင်တဲ့ လူမျိုးတွေ... ရှစ်ယောက်ပါတဲ့ အစုတစ်ခုကို Cluster တစ်ခုလို့ ခေါ်ပါတယ်.... သူတို့တွေက အချင်းချင်းရဲ့ စိတ်တွေထဲ ဝင်ထွက်သွားလာနိုင်တယ်. လက်ခံသူက ခွင့်ပြုရင် ခန္ဓာကိုယ်ကိုတောင်ထိန်းချုပ်နိုင်ပါတယ်...
Mind swapping နဲ့ Skill Sharing လည်းလုပ်နိုင်သလို ဘာသာစကားမတူတဲ့ ပြဿနာလည်း သင်ယူစရာမလိုပါဘူး....
ဒါ့အပြင် စိတ်ခံစားချက်တွေ တူနေပြန်ရင်လည်း တစ်ယောက်ရဲ့ စိတ်ထဲတစ်ယောက် အလိုလိုရောက်သွားတတ်တဲ့ Condition လည်းရှိပါတယ်...သူတို့လိုလူတွေက လူကောင်းတွေချည်းပဲ မဟုတ်ပြန်ဘူးပေါ့...ဒီ စွမ်းအားကို အသုံးချချယ်လှယ်ချင်တဲ့ Antagonists တွေနဲ့ အားပြိုင်မှုတွေကို အမိုက်စား Editing တွေ ၊ လှပတဲ့ Scenery တွေ၊ အထင်ကရမြို့ကြီးတွေရဲ့ နာမည်ကြီးနေရာတွေကိုပါ အသေးစိတ်တင်ဆက်ထားတာပါ... ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်အရပြောရရင် ဒီလိုမျိုး ဘာသာစကားတွေ၊ နေရာဒေသတွေ၊ ယဥ်ကျေးမှုတွေ၊ စရိုက်လက္ခဏာတွေ မတူညီကြတဲ့ လူတွေကို ယောက်ယတ်ခတ်ပွစိတက်မသွားစေဘဲ Tempo မှန်မှန်နဲ့ Main plot ဆီကို သယ်သွားနိုင်တာကို သဘောကျမိပါတယ်...ဇာတ်ကောင်တွေတစ်ယောက်ချင်းဆီမှာ ကိုယ်ပိုင် Sub-plot တွေရှိတယ် အဲ့ကမှတစ်ဆင့် သူတို့ရဲ့ Psychic Ability နဲ့ အချင်းချင်း ကောင်းတာ ဆိုးတာတွေ လျို့ဝှက်ချက်တွေ ချစ်ခြင်း မုန်းခြင်းတွေ သံသယတွေ...စတာတွေနဲ့ ဒရာမဆန်ဆန် ချိတ်ဆက်ပေးသွားတယ်...
ပြောခဲ့တဲ့ အတွေးအခေါ်လေးဆိုတာက စည်းလုံးမှုပါ နောက်ပိုင်းမှာ ဇာတ်ကောင်တွေရဲ့ Main swapping လုပ်ပြီး ၈ ယောက်က တယောက်တလှည့်ဆီဝင်ကူညီတာတွေက အားရဖို့ကောင်းပါတယ် ...သူတို့တောင်သေချာ နားမလည်တဲ့ အန္တရာယ်တွေကို 'ငါတို့မှာ တယောက်နဲ့တယောက် ကူညီဖေးမနေသရွေ့ ဘာမဆို ရင်ဆိုင်နိုင်တယ်၊ ရင်ဆိုင်ရဲတယ်' ဆိုတဲ့ Concept ကို စိတ်ခွန်အားလည်း ရအောင် Entertained လည်းဖြစ်အောင် တင်ဆက်သွားပါတယ်....ဒီလို ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းရဲ့ Lore နဲ့ World-Building ကိုလည်း တပိုင်းချင်းစီမှာ သေသေ ချာချာရှင်းပြပေးထားပါသေးတယ်။ Family Problem တွေ၊ Love Triangle တွေ၊ Gangstersတွေ၊ Sexual Orientation၊ Political စတဲ့ Topic အကြီးစားတွေကိုမှ Sci-fi/ Action / Drama / Thriller / Romance ဆိုတဲ့ Genre အစုံကို အချိုးချိုးကျကျ ပေါင်းစပ်ပြထားပါတယ်....
Pride Month အတွက်လည်း ညွှန်းပေးရခြင်းကတော့....ဇာတ်ဆောင်တွေထဲက 'Lito' ဆိုတဲ့ စပိန်နိုင်ငံက နာမည်ကြီးသရုပ်ဆောင်တစ်ယောက်၊ သူက Closeted Gay၊ ဆိုတော့ သူ့ရဲ့ Double-life ပြဿနာ တွေ၊ Relationship ကိစ္စတွေကို Development ကောင်းကောင်းနဲ့ Represent လုပ်သွားနိုင်တယ်၊ နောက်တစ်ယောက် ဆန်ဖရန်စစ္စကိုက လိင်ပြောင်းအမျိုးသမီး 'Nomi'၊ သူမက IT ကျွမ်းကျင်ပညာရှင်၊ သူမဆိုရင် ကိုယ့်ရဲ့ Transition ကြောင့် ကိုယ့်မိသားစုအရင်းကနေ အသက်အန္တရာယ်ရန်ရှာတာခံရတဲ့ထိပါပဲ...သူတို့တွေရဲ့ Plot တွေကလည်း LGBTQ+ Community မှာ လူပြောများပြီး Icon ဖြစ်တဲ့အထိ ကောင်းမွန်တာမို့ Pride Month မှာ ကြည့်ဖို့ ကြိုတင်ညွှန်းပေးပါရစေ...ဇာတ်လမ်းကို နာမည်ကျော် Matrix Trilogy၊ Babylon 5 ကို ဖန်တီးသူတွေက ဇာတ်ညွှန်းဇာတ်လမ်း၊ Directing ၊ Editing တွေကို ကြီးကြပ်ထားတာပါ...
စီစန် ၂ ခု ထွက်ရှိထားပါတယ်။ Season 1 နဲ့ 2 ကြားမှာ Pride Month၊ Chrismas၊ New Year Event တွေအတွက် Special Episode ပါထွက်ထားပါတယ်...ဘတ်ဂျက်အခက်အခဲကြောင့်
Season 2 ရိုက်နေတုန်းမှာ စီးရီးကို အဆုံးသတ်တော့မယ်လို့ ကြေငြာခဲ့ပါတယ်...သို့ပေမဲ့ နာမည်ကျော် Matrix ဖန်တီးသူတွေကတော့ သူတို့ရဲ့ ဖန်တီးမှုကို ခေတ်သစ်မော်ဒန် ပန်းချီကားတစ်ချပ်လို ရှုပ်ထွေးပေမဲ့ အကောင်းဆုံးနဲ့ လှလှသေသေသပ်သပ် အဆုံးသတ်ပေးခဲ့ပါတယ်....
