7 w - Translate

"ဝဋ်ကြွေးရှိခဲ့သော်"Horrorစာအုပ်
(Rating-🌟🌟🌟🌟🌟)
"တစ်ချို့ပေါင်းစည်းမှုတွေဟာ...ဖူးစာဖြစ်ပေမဲ့
တစ်ချို့ချစ်ခြင်းတရားတွေဟာဝဋ်ကြွေးသာဖြစ်တယ်"
ဇာတ်လမ်းအကျဉ်း
~~~~~~~~~~~
ရှိန်းဇော်ညို,သူ့ညီမလေးတိုရီ(Victoria)နဲ့သူ့ကောင်မလေးကြည်ဖြူသွင်သွင်တို့ဟာသူတို့အဖွားဝယ်ထားတဲ့"ဧကရီရိပ်မြုံ"ဆိုတဲ့ခြံကြီးထဲကိုအလည်လာနေကြတဲ့အခါ
ထိုခြံကြီးမှာရှိတဲ့အိမ်အိုကြီးထဲမှာ"နှင်းသွေးဝတ်မှုန်"ဆိုတဲ့အနက်ရောင်ဇာတ်မင်းသမီးဝတ်စုံနဲ့ဝိညဉ်တစ်ခုဟာအညှိုးကြီးစွာနဲ့စောင့်ဆိုင်းနေပါတော့တယ်....
သူတို့အဲ့ရောက်တဲ့နေ့စပြီးသူတို့ကိုဆက်တိုက်ကိုခြောက်လန့်ပါတော့တယ်....
သူမ လာပြီဆိုအမြဲကြားရတဲ့အသံက...
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မှုံရွှေရည်.....ခိုင်မာလာနှင်းဆီ...ကြိုင်စွာသာသင်းကြည်...."
"တောက်ချီး....တောက်ချီး....."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နှင်းသွေးဝတ်မှုန်ဟာဘာကြောင့်သူတို့ကိုဒုက္ခပေးခြောက်လန့်နေရတာလည်း.....
သူမ ဟာဘာလိုသေဆုံးခဲ့တာလည်း...
သူမသေဆုံးခဲ့တဲ့နောက်ကြောင်းဟာလည်းအရမ်းကိုသနားဖို့ကောင်းနေတော့ပါတယ်.....
အခန်းတစ်ခန်းပြီးတစ်ခန်းနောင်ဘာဆက်ဖြစ်မလဲဘာလိုတွေခြောက်လန့်အုံးမလဲဆိုပြီးရင်တထိတ်ထိတ်နဲ့ဖတ်ရတဲ့စာအုပ်လေးပါ....
ဒီစာအုပ်လေးကတော့စာဖတ်သူရင်ထဲကိုခြောက်ခြားစိတ်,သနားဂရုဏာ,ချစ်ခြင်းမေတ္တာအပြည့်ရစေရမယ်ဆိုတာမင်မင်ယုံကြည်ပါတယ်

image