7 w - Translate

ကွန်ကာကပ်နေးရှင်းလိဂ်ဆီမီးဖိုင်နယ်မှာ အမေရိကန်ဘက်ကို ၉၀+၄ မိနစ်မှ အနိုင်ဂိုးသွင်းပြီး ပနားမားတို့ အနိုင်ရခဲ့ပါတယ်။ ဒီဂိုးကို ဝါးတားမန်းက သွင်းပေးခဲ့တာပါ။ ဂိုးသွင်းပြီးနောက် ဝါးတားမန်းဟာ ကွင်းဘေးဆိုင်းဘုတ်တွေကိုပါ ခုန်ပျံကျော်လွှားပြီး အစီအစဉ်တင်ဆက်နေတဲ့ အွန်နရီကို ပွေ့ဖက်အောင်ပွဲခံသွားခဲ့ပါတယ်။

ဝါးတားမန်းက အွန်နရီရဲ့ ပရိသတ်ဖြစ်ခဲ့သူပါ။ အခု ကြုံကြိုက်လို့‌တွေ့ရချိန်မှာ သူ့အတွက် အခွင့်အရေးရခဲ့ပြီး ပနားမားကစားသမားတွေကြားမှာ အွန်နရီတယောက် မလူးသာမလွန့်သာဖြစ်ခဲ့ရပါတယ်။ ဒီနောက်တော့ ဝါးတားမန်းက သူ့ဂျာစီပေါ်မှာ လက်မှတ်ထိုးပြီး အွန်နရီအတွက် လက်ဆောင်ဆိုပြီး ပေးခဲ့ပါတယ်။

image