7 w - Translate

iPhone 16e ထက် ပိုတန်တယ်ဆိုတဲ့ဖုန်း ထွက်လာပြန်ပြီ
ဒေါ်လာ 600 တန် iPhone 16e ထက် ဒေါ်လာ 100 ပိုသက်သာတာကို သုံးမယ်ဆို ပူပူနွေးနွေးထွက်လာတဲ့ Google Pixel 9a ရှိပါမယ်။ ကင်မရာဘန့်မပါတဲ့ ဒီဇိုင်းကြောင့် ဟော့ဖြစ်နေတယ်လို့ ပြောရမယ့် Pixel 9a က ဒေါ်လာ 499 ကနေစပါမယ်။
မထွက်ခင်ကတည်းကကို iPhone 16e နဲ့ ယှဉ်နိုင်လောက်ဆိုပြီး နာမည်ကြီးနေတဲ့ဖုန်းလို့လည်း ပြောလို့ရပါတယ်။ ပြောဆို Pixel 9a က အရင် Pixel ဖုန်းတွေ ဒီဇိုင်းနဲ့မဟုတ်ပဲ ကင်မရာဘန့်မပါတဲ့ပုံစံနဲ့ထွက်လာတာ။ အရောင်တွေကလည်း ပစ်ရက်စရာမရှိ။ ဒီဇိုင်းနဲ့ အရောင်နဲ့က ကွက်တိလှနေသလိုကို ဖြစ်နေတာ။
မနေ့က မိတ်ဆက်သွားခဲ့တာဆိုတော့ Spec: လေးတွေအကြောင်းလည်း နည်းနည်းပြောပြပေးပါမယ်။ Chips ကတော့ Tensor G4 သုံးထားတယ်။ Sceen Size 6.3” , 120Hz Refresh Rate ရမယ်။ DualCamera Set up ကိုမှ 48MP Main Camera နဲ့ 13MP Ultra wide ဖြစ်မယ်။ Selfie ကတော့ 13MP ပဲ။
နောက်ပြီး အရင် Pixel ဖုန်းတွေထက် ပိုကောင်းသွားတာက ဘတ်ထရီပဲ။ ဘတ်ထရီ 5100mAh အထိတောင် ပါတယ်။ Google ကပြောပုံအရဆို နာရီ ၃၀ တောင် အသုံးခံတယ်လို့ ဆိုတယ်။ မိတ်ဆက်ပြီးသွားပြီဆိုပေမဲ့ Issue တစ်ခုညှိနေလို့ Pre-oreder တောင် လက်မခံသေးဘူးလို့ ဆိုထားတယ်။
အင်တာနက်အပေါ်မှာတော့ iPhone 16e ထက်စာရင် ရွေးချယ်လို့ကောင်းမယ့် နောက်ထပ်ဖုန်းတစ်လုံးထပ်ပေါ်လာပြီလို့တော့ မှတ်ချက်တွေပေးနေကြပါတယ်။ တကယ်ထွက်လာခါမှ user review တွေ ထပ်စောင့်ကြည့်ရဦးမယ်လို့လည်း ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လာ 500 ဝန်းကျင်ဆိုတာနဲ့ iPhone 16e ထက် ပိုရွေးသင့်တယ်ချည်းပဲ မြင်နေရတော့တာပါပဲ...

imageimage