7 w - Translate

Tesla ရှယ်ယာကျလို့ ဒေါ်လာ ၁၆ ဘီလျံကျော် မြတ်သွားတဲ့သူတွေ

Tesla ရှယ်ယာဝယ်ထားပြီး ဈေးထိုးကျတာကို ကြိတ်ပျော်နေတဲ့သူတွေလည်း ရှိပါတယ်။

အဲ့ဒီလူတွေက ရှယ်ယာဈေးကျရင် မြတ်တဲ့ short position သမားတွေပါ။ Tesla ရှယ်ယာဈေး ကျရင် ဒီလူတွေ မြတ်ပါတယ်။ အခုဆို Tesla short position သမားတွေ ၃ လထဲနဲ့ ဒေါ်လာ ၁၆.၂ ဘီလျံ ပိုက်သွားပြီလို့ S3 Partners က ဆိုပါတယ်။

S3 ရဲ့ အချက်အလက်တွေအရ Tesla မှာ short share အစု သန်း ၇၀ ကျော်နဲ့ ဒေါ်လာ ၁၆.၆၇ ဘီလျံဖိုး ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်းက short သမားတွေ ဒေါ်လာ ၂ ဘီလျံတန် အစုရှယ်ယာ ၈.၅ သန်းလောက် ရောင်းထုတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နာမည်ကြီး short position ကိုင်ထားသူတွေထဲမှာ Microsoft သူဌေးကြီး ဘီလ်ဂိတ်စ်လည်း ပါပါတယ်။ ဘီလ်ဂိတ်က မနှစ်ကပဲ Tesla short positon ကျနေ ဒေါ်လာ ၁.၅ ဘီလျံ အရှုံးပြထားတာပါ။ အီလွန်မတ်စ်ကတော့ Tesla ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကုမ္ပဏီဖြစ်ရင် ဘီလ်ဂိတ်စ် မွဲသွားမယ်လို့ လှောင်ခဲ့ဖူးပါတယ်။

အခုတော့ ဘီလ်ဂိတ်စ်က ပျော်နေရော့မှာပါ။ ဒီနှစ်ထဲ Tesla အစုရှယ်ယာတွေ ထိုးကျချက်က လန့်လောက်စရာပါ။ ဒီဇင်ဘာ ၁၇ ရက်တုန်းက အမြင့်ဆုံး တက်ခဲ့တဲ့ ရှယ်ယာတွေဟာ အခုဆို ကြက်ပျောက်ငှက်ပျောက် ဖြစ်ပြီး အဲ့ဒီအချိန်ကထက် ၅၀% ကျော် အနုတ်ပြသွားပါတယ်။

ရှယ်ယာအမြင့်ဆုံးတက်ချိန်ကနဲ့ ယှဉ်ရင် ကုမ္ပဏီဈေးကွက်တန်ဖိုးလည်း ဘီလျံ ၈၀၀ ကျော်လောက် ဆုံးရှုံးသွားခဲ့ပါတယ်။ Tesla မှာ ရှယ်ယာအများဆုံး ပိုင်တဲ့ အီလွန်မတ်စ်လည်း ဘီလျံ ၁၀၀ လောက် ပါသွားသလို Tesla ရှယ်ယာတွေ ပြန်ဦးမော့လာအောင် ဖိအားပေးခံနေရပါတယ်။

short သမားတွေလည်း အမြတ်ပေါ်လာတယ်ဆိုပေမယ့် ကုမ္ပဏီကို အများပိုင် ပြောင်းတဲ့ ၂၀၁၀ နောက်ပိုင်း စုပေါင်းစပ်ပေါင်း ဒေါ်လာ ၆၄.၅ ဘီလျံလောက် ဆုံးရှုံးထားပါတယ်။

image