မဂ်လာနံနက်ခင်းပါရှင် 🙏🙏🙏
မိမိသက်တမ်းတစ်လျှောက်လုံးမှာ
ပြုလုပ်ခဲ့သမျှသော
ကံသတ္တိတွေက
မည်သူနှင့်မှမဆိုင်ဘူး။
မိမိနှင့်သာ
ဆိုင်သည့်အကြောင်းကို
ဘုရားရှင်
ဒေဝဒူတသုတ်မှာမိန့်ထားသည်။
ကုသိုလ်အကုသိုလ်ကံတွေကို
အမေကလည်းတာဝန်မယူ။
အဖေကလည်း တာဝန်မယူ။
ဇနီးမယား၊သမီးသားနှင့်
လင်သားမှန်သမျှ
မည်သူကမှတာဝန်မယူကြပါဘဲ၊
ကိုယ်ပြုကိုယ်ခံ
ကိုယ်ပြုကိုယ်စံပါပဲ။
ထို့ကြောင့်မို့
မကောင်းသောအကုသိုလ်တွေကို
ခုလည်းမပြုလေနဲ့။
နောင်လည်း မပြုလေနဲ့။
ဆိုးကျိုးကိုပေးစေတတ်လို့။
ကောင်းတာမှန်သမျှတွေကိုတော့
အကုန်သာလုပ်ကြ။
ကောင်းတာတွေကို
အကျိုးပေးမှာမို့၊
ကောင်းတာတွေထဲမှာလည်း
အဓိက .. ဒါန၊သီလကို
အခြေခံသော
ဝိပဿနာအားထုတ်မှု
အထူးကြိုးစားပွါးများနေဖို့ပါပဲ။
🙏မြောက်ဦးဆရာတော်ဘုရား 🙏
