ဘဝရဲ့ အပျော်ရွှင်ရဆုံးအချိန်ဆိုတာ
မပြုံးချင်ဘဲ ပြုံးပြရတဲ့ အပြုံးတုတွေ
ခွာချထားရတဲ့အချိန်…
မပြောချင်ဘဲ ပြောနေရတဲ့ စကားတုတွေ
ပြောဖို့မလိုတော့တဲ့အချိန်…
မတပ်ချင်ဘဲ တပ်ထားရတဲ့ မျက်နှာဖုံးအတုကို
ချွတ်ဖယ်ထားလို့ရတဲ့အချိန်…
တစ်ကိုယ်တည်း အေးဆေးသက်သာစွာနဲ့
အရှိအတိုင်းလေးကို လက်ခံကျေနပ်
နှစ်သက်နေရတဲ့အချိိန်…
ကိုယ် နှစ်သက်ရာ အလုပ်ကလေးကို
ငြိမ်းငြိမ်းချမ်းချမ်း လုပ်နေခွင့်ရတဲ့အချိန်…
ကိုယ့်ဘဝအတွက် မလိုအပ်တဲ့အပိုတွေကို
အပြီးတိုင် စွန့်လွှတ်ဖယ်ပစ်လိုက်ရတဲ့အချိန်…
ရင်ချင်းမနီးတော့တဲ့သူတွေကို
လက်ပြနှုတ်ဆက်လိုက်ရတဲ့အချိန်…
စိတ်ရောကိုယ်ပါ ပေါ့ပါးလွတ်မြောက်မှုကို
သိသိသာသာ ရှိုက်သွင်းခံစားလိုက်ရတဲ့အချိန်…
အဲဒီအချိန်လေးဟာ
နေလို့အကောင်းဆုံး အချိန်လေးပါပဲ….။
#လွန်းထားထား
#ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ
