Popeye’s Revenge (2025)
***
လူတိုင်းသိထားကြတဲ့ ပိုပီရဲ ဒါမှမဟုတ် ပိုပါရဲဆိုတာဟာ ကျွန်တော်တို့ ကလေးဘဝတုန်းက သူ့ရဲ့လက်မောင်းကြီးနဲ့ ဟာသကာတွန်းကာတွေကို ခေတ်စာအောင်လုပ်ပေးခဲ့တဲ့ ဇာတ်ကောင်ပါ။
ဒီဇာတ်ကားထဲမှာတော့ အဲဒီဇာတ်ကောင်ကို နောက်ခံဇာတ်လမ်းသစ်တစ်ခုနဲ့ပေါင်းစပ်ပြီး ကြောက်စရာ သဲထိပ်ရင်ဖို horror ဇာတ်ကားဖြစ်အောင် ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
တစ်နေ့မှာ ပိုပါရဲလို့နာမည်ရတဲ့ ကိုယ်လက်အင်္ဂါမူမမှန်တဲ့ ကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။
ပိုပါရဲရဲ့မိဘဟာ သူတို့ရဲ့ကလေးမမူမှန်တာကိုသိပေမယ့်လည်း အရမ်းချစ်ခဲ့ကြပါတယ်။
တစ်နေ့အရွယ်ရောက်လာတဲ့အခါမှာ ဘေးလူသူငယ်ချင်းတွေ ဝိုင်းစကြတဲ့အခါ ပိုပါရဲလေးဟာစိတ်မထိန်းနဲ့ဘဲ သူ့ရဲ့ခွန်အားနဲ့
သူငယ်ချင်းတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်လိုက်ရာကနေ အဖြစ်ဆိုးကြီးဖြစ်သွားပြီး အဲဒီသူငယ်ချင်းဟာဆုံးပါးသွားခဲ့ပါတယ်။
သူငယ်ချင်းဆုံးပါသွားပြီးတဲ့နောက် ရွာထဲကလူကြီးတွေအားလုံးက ဒါမကောင်းဆိုးဝါးပဲဆိုပြီးတော့ ပိုပါရဲတို့အိမ်ကို မီးရှို့ဖျက်ဆီးကြပါတော့တယ်။
ဖြစ်ချင်တော့ ပိုပါရဲကို သူ့မိဘတွေက သူပြစ်မှုကျူးလွန်ပြီးနောက်ပိုင်း မြေအောက်ခန်းမှာချုပ်ထားခဲ့ကြတာပါ။
ဒီလိုနဲ့ မြေအောက်ခန်းထဲမှာပဲ မီးလောင်ဆုံးခဲ့ရတဲ့ပိုပါရဲရဲ့ ဒဏ္ဍာရီဟာ နောက် နှစ်ပေါင်းရာနဲ့ချီအထိကျန်ရှိနေပါတယ်။
မီးလောင်သွားပြီးနောက်ပိုင်း အစအနပဲကျန်ခဲ့တဲ့အိမ်ကို နောက်အိမ်ပိုင်ရှင်တွေက ဝယ်ပြီးတဲ့နောက် ပြန်လည်စောင့်ခဲ့ပါတယ်။
ဒါပေမဲ့ တစ်ခုက နေရောင်ကျသွားပြီး မြူတွေဆိုင်းလာတဲ့အချိန်ကျရင် ပိုပါရဲ သရဲကထွက်လာပြီး သူ့အိမ်ကိုလာထိတဲ့သူ သူ့အိမ်နားမှာရှိသမျှအားလုံးကို တိုက်ခိုက်တတ်တယ်ဆိုတဲ့ ကောလဟာလပါထွက်လာခဲ့ပါတယ်။
ဒါနဲ့ ပိုပါရဲရဲ့ဒဏ္ဍာရီဟာအပြင်မှာတကယ်ပဲရှိနေတာလား ဘာလို့များ ပိုပါရဲဟာ လက်စားချေတဲ့ပုံစံမျိုးနဲ့ လူတွေကို ပြန်လာခြောက်နေလဲဆိုတာကို ဒီဇာတ်ကားထဲမှာ တစေ့တစောင်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
