ဒီနေ့မှာတော့ တရုတ်လူမျိုးတွေ အရမ်းကြိုက်တဲ့ (ခရမ်းရောင် ကန်စွန်းဥ ကိတ်) အချိုပွဲ လုပ်နည်းလေးမျှဝေပေးမယ်နော် 📝
အိမ်မှာ ကန်စွန်းဥလေးတွေရှိလို့ဘယ်လိုလုပ်ရင်ကောင်းမလဲလို့စဉ်းစားရင် Reciping လေးတွေရှာကြည့်ရင်း ဒီလုပ်နည်းလေးကိုတွေ့သွားလို့ကြိုက်သွားတာ ပါ၀င်တဲ့အရာလည်းမများတဲ့အပြင် အလွန်ရိုးစင်းပြီး လုပ်နည်းလည်းလွယ်ကူလို့ပါ 😊
အဓိက ပါ၀င်တဲ့အရာများကတော့ 🍠🥛🍶🍥👇
ခရမ်းရောင်ကန်စွန်းဥ ၁၅၀
ဂရမ် ကန်စွန်းဥရွေးတဲ့အခါ ခရမ်းရောင်သန်းတဲ့ကန်စွန်းကိုရွေးပြီး၀ယ်ပါနော် အဲ့ဒါမှ ကိတ်လုပ်တဲ့အခါအရောင်လှလှလေးထွက်လာမှာ
နွားနို့ ၄၀၀ ဂရမ်
သကြား ၆၀ ဂရမ်
ပြောင်းကော်မှုန့် corn starch 🌽၅၀ ဂရမ်
အုန်းသီးအခြောက်မှုန့် Dry coconut 🥥 powder တို့ပဲဖြစ်ပါတယ်📝
(၁) အရင်ဦးဆုံး ကန်စွန်းဥကိုသေချာဆေးပြီး အခွံနွှာပါ
(၂) ပြီးရင်မထူမပါးလှီးပြီးနူးသွားသည်အထိပေါင်းပေးပါ
(၃)ပေါင်းပြီးရင် ကြိတ်စက်ထဲထည့်ပြီး သကြား+နွားနို့ ၃၀၀ဂရမ် ရောထည့်ပြီးကြိတ်ပါ
(၅)ကြိတ်ပြီးပါက ပု(၆) မကပ်သောဒယ်အိုး ထဲတွင်ကြိတ်ထားသော ကန်စွန်းဥရည်ကို အိုးတွေလောင်းထည့်ပါ မီးနဲ့မကျိုရသေးပါနော် !! ပြီးရင် ကျန်ရှိနေသော နွားနို့ ၁၀၀ ဂရမ်ကို ပြောင်းကော်မှုန့်နှင့်ေသချာစွာရောမွေပေးပါ
၉)(၁၀) ပြီးရင် ကြိတ်ထားသောကန်စွန်းဥရည်ထဲတွင်ပြောင်းကော်မှုန့်လောင်းထည့်ပြီး မီးအနည်းငယ်ဖြင့် အဆက်မပြတ်မွေပေးပါ အရည်ပြည့်လာသည်အထိမွေပေးပါ
(၁၁) ချွဲပြစ်လာပြီဆိုရင်တော့ မီးပိတ်ပြီး လင်ဘန်း(သို့) မိမိမှာရှိတဲ့ထည့်စရာတစ်ခုခုထဲတွင် အုန်းသီးမှုန့်ခြောက်ဖြူးပေးပါ
(၁၃) ပြီးရင် ကျိုထားသောကန်စွန်းဥနစ်တွေလောင်းထည့်ပါ
(၁၃) လောင်းထည့်ပြီးရင်တော့ မျက်နှာပြင်ညီညာအောင်ယောင်းမနှင့်ညီညာလေးသုတ်ပေးပါ
(၁၅) ပြီးရင် အုန်းသီးမှုန့် နောက်ထပ်တခါထပ်ဖြူးပေးပြီး အကုန်လုံးအေးသွားသည်အထိအအေးခံထားပေးပါ မှုန့်နစ်လေးအေးသွားပြီဆိုရင် Fridgeထဲ ၃ နာရီကနေ ၄ နာရီ 🕑အထိအအေးခံထားပေးပါနော်
(၁၆) အေးသွားပြီဆိုရင် (၁၇)ခွက်ကို အပေါ်နဲ့မှောက်ပေးပါ
(၁၈) မှောက်ပြီးသွားပြီဆိုရင်တော့ မိမိနှစ်သောပံုစံအတုံးလေးလှီးလို့ရပါပြီနော် 😊
