အတိတ်ကို မေ့ပါ ။ ဒါပေမဲ့ ဘ၀ကိုတော့ မမေ့ပါနဲ့ ။
" ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားခဲ့ရလို့ "
" နောက်ခံက မတောင့်လို့ "
" မျိုးရိုးက မချမ်းသာလို့ "
" ပညာတတ် အသိုင်းအဝိုင်း မရှိလို့ "
အဲဒီလို အကြောင်းတရားတွေ ( ကိုယ်ပြင်ဆင်လို့ မရနိုင်တဲ့ ) အတိတ်ရဲ့အခြေခံတွေကို မေ့ပစ်နိုင်အောင် ကြိုးစားသင့်ပါတယ် ။ ကိုယ်သွားမယ့်လမ်းခရီး ၊ ကိုယ်ဖောက်မယ့်လမ်းမှာ အတိတ်က အရိပ်တွေ မပါလာရင် ပိုကောင်းပါတယ် ။
ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သူမို့ မချမ်းသာရဘူးဆိုတဲ့ ကန့်သတ်ချက်မျိုး မရှိသလို ပညာမတတ်တဲ့ မိသားစုကနေ မွေးဖွားလာသူမို့ အမြဲတမ်း နုံအနေရမယ်လို့လည်း သတ်မှတ်ချက်မျိုး မရှိပါဘူး ။ အတိတ်ဆိုတာ
သင်ခန်းစာယူဖို့လောက်ပဲ ကောင်းပါတယ် ။
#၂၁ရာစုလူငယ့်စိတ်လူငယ့်အတွေး
#သုနေ
