8 w - Translate

အကြင်သူသည်-သိုးဆောင်း
(Rating-4.5/5)
"အချစ်ဆိုတာမျိုးက ခန္ဓာကို ပူလောင်စေတဲ့ ရာဂမီးတွေနဲ့ လုံးလုံးမပတ်သတ်ကြောင်း
အချစ်ကိုတလေးတစား တန်ဖိုးထားသူ
တချို့တလေကပဲသိနိုင်တတ်ကြတာလေ"
အချစ်ဆိုတာတဏှာလား
အချစ်ဆိုတာရယူချင်လား
သူဌေးသားလေးနန်းနွယ်ရဲ့အချစ်တော့ရိုးရိုးလေးဘဲ
မျက်နှာလေးမြင်ရုံအသံလေးကြားရုံနဲ့ချစ်နေတာမျိုး
မထိရက်မကိုင်ရက်နဲ့ထိုအမျိုးသမီးလေးဘဝကိုလုံခြုံစေတာမျိုးပေါ့🤍
နှစ်ပြည်တောင်စစ်ခင်းရအောင်
ယောင်္ကျားတွေတပ်မက်လွန်းလှတဲ့
အငြိမ့်မင်းသမီးပြည့်တန်ဆာမလေးယမင်းသူဇာ
" ဒီဘဝဒီခန္ဓာ ရပြီးတဲ့နောက် ကျွန်မမှာ ဖြစ်ချင်တဲ့ဆန္ဒ တစ်ခုပဲ ရှိတော့တယ်...၊ ကျွန်မရဲ့ လုပ်အားစစ်စစ်နဲ့ တစ်ရာ့ရှစ်တောင် ဥာဏ်တော်အမြင့်ရှိတဲ့ စေတီကြီးတစ်ဆူ တည်ချင်တယ်...၊ စေတီတော်ကို ထီးတော်တင် ရေစက်ချပြီးချိန်မှာ ဘဝအဆက်ဆက်က ကျွန်မနောက် ကပ်ငြိလိုက်ပါလာတဲ့ အထုံပါရမီ ဝဋ်ကြွေးအားလုံး ဒီဘဝ ဒီ မျှနဲ့သာ ကြေပါစေတော့ရယ်လို့ တစ်ရာ့ရှစ်ကြိမ်တိတိ ဆုတောင်းချင်မိတယ်...."
နန်းနွယ်ရဲ့အချစ်ကိုလေးစားမိတာတော့အမှန်ဘဲ
အခုခေတ်မှာဘယ်လောက်ဘဲချစ်တယ်ပြောပြော
ချစ်တယ်ဆိုတာရဲ့နောက်မှာတဏှာရာဂကတော့အမြဲလိုက်ပါနေပြီးသား
နန်းနွယ်ကတော့အဆုံးထိဖြူစင်သန့်ရှင်းတဲ့အချစ်နဲ့သူချစ်ရတဲ့အမျိုးသမီးလေးကိုကာကွယ်ပေးသွားခဲ့တာ
ယမင်းသူဇာရဲ့ညအချိန်တိုင်းမှာကောင်းမွန်စွာအိပ်စက်နိုင်ဖို့သူ့စည်းစိမ်ပြုတ်သည်အထိ
အဆုံးစွန်ဆုံးအထိကာကွယ်ပေးသွားခဲ့တယ်🥀
ယမင်းသူဇာဟာဝေဠုဝတီမင်းသမီးဆိုတဲ့
နာမည်ရပြီး
သူမအတွက်ဝေဠုဝတီနန်းဆောင်ကြီးကိုလည်းနန်းနွယ်ကသူကိုယ်တိုင်သေချာဆောက်လုပ်ခဲ့တာပါ
ဆောက်လုပ်စဉ်အတွင်းမှာလည်းကျိန်စာတွေကလည်းလုံးဝကြက်သီးထစရာတွေပါဘဲ😬
နန်းနွယ်ရဲ့တစ်ဖက်သတ်အချစ်ဟာပင်ပန်းခဲ့သလိုယမင်းသူဇာကလည်းနန်းနွယ်ကိုငဲ့ကွက်ခဲ့လို့မချစ်ဟန်ဆောင်ခဲ့တယ်လို့တော့လီယံတော့ထင်မြင်မိပါတယ်
တစ်ချို့ချစ်ခြင်းတွေဟာအဆုံးသတ်မှာမလှပခဲ့ပါဘူး🥺💔
"ထိုသို့ဖြင့်.အကြင်သူသည်
အချစ်လွန်၍.သတ်စရာမလိုပဲ..
သေဆုံးသွားခဲ့သည်..."🥀
#အကြင်သူသည်

image