နာတာရှည် ချောင်းဆိုး ရင်ကျပ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ချောင်းဆိုးသလိပ်ပါခြင်းနှင့် နှာခေါင်းပိတ်ခြင်းများကို သက်သာစေရန် ကြက်သွန်နီကို လှီးပြီး ပျားရည်နှင့် ရောစပ်ကာ တစ်ညစိမ်ထားပါ။ ပြီးနောက် တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို သောက်သုံးနိုင်ပါသည်။ သို့မဟုတ် ရေနွေးနှင့် ရောစပ်ကာ ဖြည်းဖြည်းချင်း သောက်သုံးနိုင်ပါသည်။ ကြက်သွန်နီကိုလည်း စားသုံးနိုင်ပါသည်။
