8 ပတ် - ဘာသာပြန်ပါ။

ထိုင်းစတိုင်အချဥ်ပေါင်းယို
(or)
သရက်သီးစိမ်းယို
သရက်သီး ၃လုံး
ဆားအနည်းငယ်
ရှာလကာရည်၁ဇွန်း (or)သံပုရာသီးတခြမ်း
သကြား 200g (အချိုကြိုက်ရင်ပိုထည့်ပါ)
ရေအနည်းငယ်
ထုံးအနည်းငယ်
သရက်သီးကို အခွံနွှာပြီး
အနေတော်လှီးဖြတ်ထားပါ
ပြီးရင် ထုံးရည်နဲ့ အနည်းဆုံး၂နာရီ စိမ်ထားပါ
ရေဆေးပြီ အိုးထဲထည့်
သကြား ဆား ရှာလကာရည်(သံပုရာသီး) ရေအနည်းငယ်ကိုသရက်သီးထဲထည့်မွှေ သကြားအရည်ပျော်ရင် မီးဖွင့်ပြီး တည်ထားပါ မကြာမကြာမွှေပေးပါ
အိုးမကပ်အောင်လို့နော်
အရည်နည်းးခန်းရင် ပုံထဲကလိုဆို ရပြီနော်
ပြီးရင် နေလှန်း ၂ရက်လောက်လှန်းရင်အတော်ပဲ
ဆွေဇင် တရက်ပဲလှန်းပြီ ဗူးထဲထည့် ရေခဲသေတ္တာထဲ သိမ်းထား စားချင်တဲ့အချိန်ထုတ်စား😋😋
အရသာက ချိုချဥ်လေး စားကောင်းနေရော

image