ယာဉ်မောင်းအကူစနစ်ကို အလကားပေးသုံးလိုက်တဲ့ ကားကုမ္ပဏီ
ဒေါ်လာ ၈၀၀၀ ကျော်တန်တဲ့ နည်းပညာတစ်ခုကို တရုတ်ကားကုမ္ပဏီတစ်ခုက Free ပေးသုံးလိုက်ပါတယ်။
တရုတ်လျှပ်စစ်ကားကုမ္ပဏီ Zeekr က အဆင့်မြင့် ယာဉ်မောင်းအကူဆော့ဖ်ဝဲလ်ကို တရုတ် customers တွေအတွက် အခမဲ့ပေးသုံးလိုက်တာပါ။ တရုတ်မှာ Driving Assistant နည်းပညာချင်း ပြိုင်လာချိန် Zeekr က သူ့နည်းပညာကို free ချပေးပြီး ဈေးကွက်ဖောက်လာတာ ဖြစ်ပါတယ်။
Zeekr ရဲ့ အဆင့်မြင့် Advanced Driver-Assistance System (ADAS) က Nvidia Orin X chipset နှစ်ခုနဲ့ lidar တစ်ခုသုံးပြီး တည်ဆောက်ထားတာပါ။ ဒီနည်းပညာက ယာဉ်မောင်းသွားမယ့်နေရာကို ဆော့ဖ်ဝဲလ်က လူမလိုသလောက် အလိုအလျောက်နီးပါး မောင်းနှင်နိုင်မယ့် နည်းပညာ ဖြစ်ပြီး လူက စတီယာရင်ပေါ် ထိန်းလိုက်ရုံ တီထွင်ထားတာပါ။
Zeekr ရဲ့ ADAS ဆော့ဖ်ဝဲလ်ကို ယွမ် ၆၄၀၀၀ (ဒေါ်လာ ၈၈၅၀) နဲ့ ရောင်းလို့ လူမှုကွန်ရက်တွေပေါ်မှာ Zeekr ကို ဝေဖန်သံတွေ ညံခဲ့ပါတယ်။ တချို့ Weibo သုံးသူတွေကတော့ Tesla က သူ့ FSD နည်းပညာကို ဧပြီ ၁၆ ရက်နေ့အထိ free ပေးသုံးတယ်ဆိုပြီး ပြောတာတွေ ရှိခဲ့ပါတယ်။
