8 w - Translate

"သန်မာဖို့လိုတယ်"
------------------------------

ဘဝမှာ ရှင်သန်ရတာပင်ပန်းနေပြီလား ??
အသက်ရှင်နေထိုင် နိူင်ဖို့အတွက်တော့
သန်မာနေဖို့ လိုပါတယ် ။

ဘဝက ထင်သလို ဖြစ်မလာတဲ့အခါ
အဆိုးတွေကိုပဲ အမြဲတမ်းတွေးပြီး
ဝမ်းနည်းနေဖို့ မလိုပါဘူး...။တစ်ခါတလေ
တစ်ချို့အရာတွေက ပိုကောင်းဖို့အတွက် ဖြစ်လာတာတွေရှိပါတယ်။

မေ့သင့်တာမေ့ပြီး ပြင်သင့်တာပြင်ရင်
အနည်းဆုံးတော့ အရင်ကထက် ပိုကောင်းအောင် သင် ပြောင်းလဲနိူင်ပါတယ်။

နေသလို ဖြစ်တဲ့ ဘဝဆိုပေမယ့် ဖြစ်သလို နေလိုက်တဲ့အခါ သူတစ်ပါးဘဝတွေလို
ရှင်သန်ဖို့ အရမ်းခက်ခဲနေတတ်ပါတယ်။
ဒီလိုပါပဲ ကိုယ်တိုင် မပြောင်းလဲ သရွေ့
ဘယ်လိုအပြုအမူမျိုးကမှ ပြုပြင်သွားမှာမဟုတ်ပါဘူး။ဒါကြောင့် မလိုတာတွေ မေ့ပြီး မကောင်းတဲ့အရာတွေကို ကိုယ့်ဘဝထဲကနေထုတ်ပြစ်လိုက်ပါ။

ဘဝတစ်လျှောက်မှာ
အကြိမ်ကြိမ် လဲကျတဲ့အခါရှိသလို...
အကြိမ်ကြိမ် နာကျင်ခဲ့တာတွေလဲရှိမယ်...
ဝမ်းနည်းရတာတွေ ကြုံခဲ့ရသလို...
စိုးရိမ်ပူပန်ခြင်းတွေနဲ့ အခက်အခဲ အကြပ်အတည်းတွေကို ရင်ဆိုင်ရတာလဲရှိတယ်...
ဒါက ဘဝပဲ ဘယ်လိုမှ ရှောင်လွဲလို့ မရတဲ့
လောကဓံမှာ အနည်းဆုံးတော့ ကိုယ်တိုင်သန်မာနေမှဖြစ်မှာပါ။

လောကဓံရဲ့ဒဏ်ကို မခံရတဲ့သူမရှိပါဘူး
ဒါပေမယ့်...အခက်အခဲအကြပ်တည်း ဒုက္ခတွေကြားက ဘယ်လိုမြန်မြန်ရုန်းထနိူင်မလည်းဆိုတာက ပိုအရေးကြီးပါတယ်။

image