ကြေးအိုး ကြိုက်သူတွေအတွက် အိမ်မှာလုပ်စားလို့ ရအောင်😁
ကြေးအိုးချက်နည်းလေး တင်ပေးမယ်နော် 😋
ကြေးအိုးက ဝက်သားနဲ့မှစားလို့ ကောင်းသာဆိုတော့ ဝက်ကြေးအိုးတင်ပေးမယ်။
ဝက်သားမစားသူတွေအတွက်ကတော့ ကြက်အစားထိုးပေါ့
လုပ်နည်းကတော့အတူတူပါပဲ
ဝက်ကြေးအိုး လိုအပ်တာကတော့.......
ဝက်ရိုး၊ ဝက်သား၊ ဝက်အူ၊ ဝက်သည်း၊ ငါးဖယ်၊ ကြာဇံ၊ မုန်ညှင်း၊ ပဲပြား၊ ငုံးဥ၊ ကြက်ဥ၊ ကော်မှုန့်၊ ဆား၊ သကြား၊ ကြက်သားမှုန့် ၊ ချင်း၊ ကြက်သွန်ဖြူ၊ တို့လိုအပ်ပါတယ်။
လုပ်နည်း........
ဝက်ရိုးအနည်းငယ်ကို ရေဆေးပြီး မီးဖိုပေါ်တွင် ရေများများဖြင့် ၂နာရီခန့် ပြုတ်ထားပါ။
ဝက်သားကို စားမယ့်ပမာဏ ကြိတ်ထားပါ။ (အသားလုံးရန် ကြိတ်ထားတဲ့ဝက်သားထဲသို့ ချင်း ကြက်သွန်ဖြူ ကော်မှုန့် ငရုတ်ကောင်းမှုန့် ဆား ကြက်သားမှုန့် သကြား ကြက်ဥတလုံးခလောက်ထည့်ပြီး နှံ့အောင်နှယ်ပါ )
ဝက်အူကိုသေချာသန့်စင်အောင်ဆေးထားပါ။ ငုံးဥကိုပြုတ်ထားပါ ပဲပြားကိုအရွယ်တော်တုံးထားပါ။ ငါးဖယ်ကိုအရသာထည့်ပြီးအနေတော်လုံးထားပါ ကြာဇံဖတ်ကိုပြုတ်ထားပါ မုန့်ညှင်းကိုရေဆေးဖြတ်ထားပါ။
အရိုးပြုတ်ရည်နူးပြီဆို ဝက်ရိုးများကိုဆယ်ပြီးဖယ်ထားပါ။ အရသာအတွက်က ဆား သကြား ကြက်သားမှုန့် ငရုတ်ကောင်းမှုန့် နည်းနည်း ထည့်ပေးပါ။
အရိုးပြုတ်ရည်ပွက်ပွက်ဆူရင် ဝက်အူထည့်လိုက်ပါ။ ကျက်ပြီးဆို ငါးဖယ်လုံးထည့် ကြိတ်ထားတဲ့အသားလေးတွေကို ဆီဆွတ်ပြီး အရွယ်တော်လုံးထည့်ပါ ကျက်ပြီးဆို ဝက်သည်း ပဲပြား ငုံးဥထည့်ပါ။
အားလုံးပြီးမှ မုန့်ညှင်းရွက်ထည့် ဒါဆို အိုခေပြီး 😁
စားတော့မယ်ဆို ပန်ကန်လုံးထဲ ပြုတ်ပီးသား ကြာဇံဖတ်ထည့် အရည်ဆမ်းလိုက်ရုံပဲ။
ကြိုက်ရာဆော့တမျိုးနဲ့တွဲစားရင် တကူးတက ဆိုင်သွားစရာမလိုတော့ဘူးပေါ့။

image