ချောက်မြို့က ကမ္ဘာမှာ ဒုတိယမြောက် အပူချိန်အမြင့်ဆုံးမြို့ဖြစ်နေ
ဒီနေ့ မတ်လ ၁၆ ရက်အတွက် ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေထဲမှာ မကွေးတိုင်း၊ ချောက်မြို့က ကမ္ဘာမှာ ဒုတိယအပူဆုံးမြို့ ဖြစ်နေပြီလို့ ကမ္ဘာ့အပူချိန်နဲ့ မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်တဲ့ အယ်ဒိုရာဒို ရာသီဥတု အင်တာနက်စာမျက်နှာကနေ ဖော်ပြလာပါတယ်။
မတ် ၁၆ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲကနေ ညနေ ၄ နာရီခွဲအတွင်းတိုင်းချက်အရ ချောက်မြို့အပူချိန်က ၄၄ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ မတ် ၁၆ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်လင့်ခ် https://www.bbc.com/burmese/articles/c2ljwnj1pj7o မှာ ဖတ်ရှုနိုင်ပါတယ်။
ဓာတ်ပုံ- ရေနံ့သာဒင်းဂါး
