8 w - Translate

စက်ဘီးမျှော်စင်
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Rosa မြို့မှာ ထူးခြားတဲ့ အနုပညာလက်ရာတစ်ခု တည်ရှိပါတယ်။
အဲ့ဒါကတော့ Cyclisk လို့ခေါ်တဲ့ စက်ဘီးအစိတ်အပိုင်းအစုတ်တွေနဲ့ တည်ဆောက်ထားတဲ့ မျှော်စင်ကြီးတစ်ခုပါပဲ။
ဒီမျှော်စင်ကြီးဟာ စက်ဘီးစီးခြင်းရဲ့ အရေးပါမှု၊ ပြန် လည်အသုံးပြုခြင်း (Recycling) ရဲ့ အကျိုးကျေးဇူးနဲ့ အနုပညာရဲ့ ဖန်တီးနိုင်စွမ်းအားတွေကို ပေါင်းစပ်ဖော် ကျူးထားတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။
Cyclisk ကို ၂၀၀၇ ခုနှစ်မှာ ပန်းပုပညာရှင် Mark Grieve နဲ့ Ilana Spector တို့က စက်ဘီးအစုတ် ၃၃၀ စီးရဲ့ အစိတ် အပိုင်းတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့တာပါ။ ၆၅ ပေ အမြင့်ရှိတဲ့ ဒီမျှော်စင်ကြီးဟာ အဝေးကနေ ကြည့်ရင်တောင် ခမ်းနားထည်ဝါလှပါတယ်။
#knowledge

image