ညောင်ပင်ဝန်း ကြက်အူဟင်း 😋 (ညောင်ပင်ဝန်းထမင်း)
တစ်ပုံချင်းစီမှာချက်နည်းရေးထားပါတယ် 😋
ညောင်ပင်ဝန်းကြက်အူဟင်းကို ကြားဖူးတဲ့သူ
ရှိသလို မကြားဖူးတဲ့သူလည်း အများကြီးရှိမယ် ထင်ပါတယ်။ ညောင်ပင်ဝန်းဆိုတာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက ရွာလေးတစ်ရွာဖြစ်ပါတယ်။
မုံရွာ-မန္တလေး ကားလမ်းမပေါ်က ရွာလေးပါ။
ဒီလမ်းမကြီးက မုံရွာမန္တလေး ကားလမ်းဆိုတာထက် စစ်ကိုင်းတိုင်းအထက်ပိုင်း တမူး-ကလေး သွားတဲ့သူတွေလည်း ဒီလမ်းက ဖြတ်ရတာပဲ။ မကွေးတိုင်း ဂန့်ဂေါကတဆင့် ချင်းပြည်နယ်သွားမယ့်သူတွေလည်း ဒီလမ်းကဖြတ်ရတာပဲ။ အဲတော့ အားလုံးအတွက် ခရီးတစ်ထောက်နားစရာ မန္တလေးနှင့် မလှမ်းမကမ်းက ညောင်ပင်ဝန်းရွာလေးမှာ
နားကြရတော့တာပေါ့။အဲမှာ ညောင်ပင်ဝန်း
တစ်ရွာလုံး ထမင်းထွက်ရောင်းကြတယ်။
ညောင်ပင်ဝန်းထမင်းဆိုတာ ထမင်းပေါ်မှာ အသားလေးခပ်ထည့် ၊ ဟင်းရည်ရွှဲရွှဲလေး ဆမ်းထားတဲ့
ပုံပွဲ/ပုံစား ထမင်းပါ။ ပြီးရင် ပဲတီပင်ပေါက်ချဥ်၊ မုန်လာချဥ်၊ ပဲပုပ်ပြားကြော်၊ ပဲလှော်ကြော်၊ ငရုတ်သီးကြော်၊ ငရုတ်သီးစိမ်းတွေ ပုံထည့်ပေးထားတယ်။ အရသာအစုံအလင်နဲ့ အရမ်းစားလို့ကောင်းတယ်။ ဒါကြောင့်လည်း ခရီးသွားတွေက ဆိုင်ကြီးတွေမှာ ဝယ်မစားကြပဲ လမ်းဘေးဆိုင်ဖြစ်တဲ့ ညောင်ပင်ဝန်းထမင်းဆိုင်ကို တမ်းတမ်းစွဲဖြစ်နေကြတာ။ စျေးနှုန်းချိုသာပြီး စားလို့လည်း အရမ်းကောင်းတဲ့ ညောင်ပင်ဝန်းထမင်းဖြစ်ပါတယ်။
ကြက်သား၊ ကြက်အူ၊ ကြက်သည်းကြက်မြစ်၊
ဆိတ်သား၊ ဆိတ်အူကြမ်း၊ ငါးဖယ်ဟင်းတွေ
ရောင်းပါတယ်။ အဲဒီထဲကမှ လူကြိုက်အများဆုံးဖြစ်တဲ့ ဟင်းကတော့ ညောင်ပင်ဝန်းကြက်အူဟင်းလေးပါ။ ဒီညောင်ပင်ဝန်းကြက်အူဟင်းကို ညောင်ပင်ဝန်းသူကိုယ်တိုင်မချက်ရင်
စားလို့မကောင်းဘူးဆိုပဲ ။ မသိဘူး ကိုယ်တော့ စားလို့ကောင်းအောင် ချက်တတ်တယ်။ သူငယ်ချင်းမိတ်ဆွေတွေလည်း ညောင်ပင်ဝန်းကြက်အူဟင်းကို မစားဖူးရင် ချက်ကြည့်လို့ရအောင် ချက်နည်းလေး
ပြန်လည်မျှဝေပေးလိုက်ပါတယ်
သူငယ်ချင်းမိတ်ဆွေများအားလုံး အစားအသောက် အဟာရပြည့်ဝပြီး ကျန်းမာရေးကောင်းမွန်ပါစေ🙏
အားလုံးကို ခင်မင်လေးစားလျှက်
Kyaw Min Htwe
Credit Kyaw Min Htwe
မူရင်းဝေမျှပေးသူ
