9 w - Translate

လူတစ်ယောက်ရဲ့ Prime Time ဆိုတာ အချိန်အတိအကျ သတ်မှတ်လို့မရဘူး။ ဘာကာမှာ ဆေးရုံတက် အုပ်ကြီးဘဝနဲ့ ငယ်ရွယ်စဉ်ကို ဖြတ်သန်းခဲ့ရတဲ့ ဒမ်ဘီလီကို ပီအက်ဂျီမှာတော့ ရှယ်ကိုမိုက်နေတယ်။
ဒမ်ဘီလီရဲ့ Prime Time က ပီအက်ဂျီပဲ၊ ဒီရာသီမှာ ကောင်းကောင်းကြီး ဦးဆောင်ပြီး အသင်းကို ထမ်းပိုးပေးထားတယ်။ ဒါ့အပြင် ခြေစွမ်းကလည်း လုံးဝကိုထိပ်တန်းဖြစ်နေတယ်။ မနေ့ကလည်း ဂိုးသွင်းတယ်။
ဒီတစ်ရာသီလုံး ပီအက်ဂျီအတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ အထိသွင်းထားပြီးပြီ။ ရာသီမကုန်ခင်အထိကို ဒမ်ဘီလီက ကြမ်းနေဦးမှာ။ လူဝစ်အင်းနရစ်နဲ့ တွေ့ဆုံရတာ ပီအက်ဂျီအဖို့ အတော်လေးကောင်းတယ် ပြောရပါမယ်။

image