9 ပတ် - ဘာသာပြန်ပါ။

P_r-o_j-e_c-t W_o-l_f H-u_n-t_i-n_g (2022)

အညွှန်း* 🔽🔽🔽

ထောင်သားတွေထောင်ဖောက်မယ့် သင်္ဘောပေါ်မှာ မကောင်းဆိုးဝါးတစ်ကောင်ပါလာတဲ့အခါ....

ဒီဇာတ်ကားကတော့ အားလုံး ကြိုက်ကြမယ့် ကိုရီးယားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အက်ရှင် ဇာတ်ကြမ်းကားဖြစ်တာမလို့ စကားပြောတာမကြည့်ချင်ဘူး ဖိုက်တင်ခန်းတွေပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် ကွက်တိဖြစ်စေမှာ ဖြစ်တဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်။

ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားကို ထောင်သားတွေ တင်ပို့ ပြောင်းရွှေ့ မယ့် သင်္ဘော တစ်စီးပေါ်မှာ ထောင်သားတွေက ထောင်ဖောက်ကြဖို့အတွက် ကြိုတင် စီမံနေကြပါတယ်။

သင်္ဘောလည်း ဖိလစ်ပိုင်ကနေ စထွက်ရော ထောင်သားတွေဟာ သူတို့ အကြံအစည်တွေ အတိုင်း ထောင်ဖောက်ကြပါတော့တယ်။ ဒါပေမယ့် အဲ့သင်္ဘောကြီးပေါ်မှာ သာမန်မဟုတ်တဲ့ မကောင်းဆိုးဝါးကြီးလဲ ရှိနေပါသေးတယ်။

အဲ့နောက်မှာတော့ ထောင်သားတွေနဲ့ မကောင်းဆိုးဝါးကြီးကြား အချင်းချင်း tat ကြပြီး အသက်ရှင်ဖို့ ကြိုးစားကြတာကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ရဲတွေကလဲ ထောင်သားတွေကို ထိန်းဖို့ ကြိုးစားကြရင်း
နောက်ဆုံး သင်္ဘောကြီးပေါ်မှာ ဘယ်သူတွေများ အသက်ရှင် ကျန်ရစ်ကြမလဲ ဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်ခင်ဗျာ………

#credit

image