မတည်မြဲတဲ့ လောကကြီးထဲမှာ အမျိုးသားလေးတစ်ဦးကို ချစ်ဦးမယ်။
ပြီးရင် သူ့မျက်ဝန်းညိုတွေကို ကြည်ကြည်နူးနူးငေးမယ်။
ကိုယ့် အမျိုးသားလေးက သိပ်နွေးထွေးတာဘဲကွယ်
ဆိုပြီးသူ့ရင်ခွင်ကျယ်ကြီးထဲကို တိုးဝင်မယ် ။
သူ့ဆံနွယ်တိုတိုလေးတွေကိုဖွပြီး
သူ့ပါးပြင်ကို အမြတ်တနိုး နမ်းရှိက်မယ်။
ဟော သူ့ရယ်သံတွေကြားမှာ ကိုယ်ပျော်မွေ့မယ်။
ဒီလောက်ပါပဲ ။
