Part-1
*အဖွင့်များ
သင်သည် ပါတီတစ်ခု၌ ရောက်နေလျှင်သော်လည်းကောင်း၊ ညစာ စားပွဲတစ်ခု၌သော်လည်းကောင်း၊ သို့မဟုတ် အလုပ်သစ်တစ်ခု၏ ပထမနေ့ ၌ သော်လည်းကောင်း၊ အိမ်နီးချင်းသစ်များနှင့် တွေ့သည့်အခါ၌သော်လည်းကောင်း သန်းပေါင်းများစွာသော အခြေအနေအမျိုးမျိုး၌ စကားစတင်ပြောဆို နိုင်သည့် အကြောင်းအရာပေါင်းများစွာရှိသည်။
၁၉၉၄ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲ ကာလက သင်တွေ့ ဆုံစကားပြောမည့်သူသည် အင်္ဂါဂြိုဟ်မှ ဆင်းလာသည့်သူမဟုတ်လျှင် ပြောစရာအကြောင်းတွေ အများကြီးရှိသည်။ မတ်တိန်းက တစ်ခါက ညည်း တွားခဲ့ဖူးသည်။ “လူတိုင်းသည် ရာသီဥတုအကြောင်းကို ပြောကြ သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ဘာမျှမလုပ်ကြ” ဟုပြောသည်။ သို့သော် လက်တွေ့၌ ရာသီဥတုအကြောင်းသည် မည်သည့်အခါမျှ ပစ်မလွဲ သည့် အကြောင်းအရာတစ်ခုဖြစ်ပြီး စကားတစ်ခု စတင်ပြောဆိုရန်အတွက် လုံးဝဥဿသုံ စိတ်ချရသော အကြောင်းအရာလည်းဖြစ်သည်။ အထူးသဖြင့် အခြားသူ၏အကြောင်းကို လုံးဝ ဘာမျှမသိသည့်အခါတွင် စကားစရန် အကောင်းဆုံး အကြောင်းအရာဖြစ်သည်။ ရေလွှမ်းမိုးမှုများ၊ ငလျင်လှုပ်မှု များ၊ သစ်တောမီးလောင်မှုများ၊ မြေပြိုမှုများ၊ ဆီးနှင်းများ၊ ရေခဲများအားလုံး သည် စကားအဖွင့်တွင် အသုံးပြုစရာ အကြောင်းအရာများဖြစ်သည်။
ဒဗလျူစီဖီးလ်က တိရစ္ဆာန်များနှင့် ကလေးများကို မုန်းသည့်သူများ အားလုံးသည် သိပ်ပြီးမဆိုးလှပါဟုပြောသော်လည်း လူအများစုသည် တိရစ္ဆာန်များရော၊ ကလေးများကိုပါ ချစ်ကြသည်။ အများအားဖြင့် သူတို့မှာ တိရစ္ဆာန်များရော၊ ကလေးများရှိကြသည်။ မိမိနှင့် တွေ့ဆုံကြသော သူ၌ ကလေးသော်လည်းကောင်း၊ ခွေးသော်လည်းကောင်းရှိသည်ကို သိရလျှင် ထိုကလေးများအကြောင်း၊ ခွေးများအကြောင်းကို သက်သောင့်သက်သာ ပြောနိုင်သည်။
#ဆက်ရန်ရှိ
