9 w - Translate

❝ နောက်တော့ ငါတို့တွေ
တကယ့်ဘဝထဲ ခုန်ချရတယ်။
ထမင်း စားဖို့ ဆိုတာဟာ
ဝဋ်ကြွေးလို ဖြစ်လာတယ်။
ပလက်ဖောင်းပေါ်
စာအုပ်ဟောင်းရောင်းမလား၊
လသာဘက်မှာ ထီလှည်း တွန်းမလား၊
ဆေးပစ်မလား၊
တောထဲ သစ်သွားခုတ်မလား၊
မိုင်းရှူးဘက် လစ်မလား၊
အဝေး ပြေး ကားတွေနောက်လိုက်မလား၊
ခေတ်ပျက်ရင် သူဌေးဖြစ်တတ်တယ်ဆိုတာကို
ကိုးကားလို့ နေပူ လေပူကြီးထဲ
ပါမစ်တွေနောက် လိုက်ရင် လိုက်၊
ရိုက်စားဆိုတဲ့ ဝေါဟာရ အလုပ်အကိုင်ထဲ
ဝင်အောင်းရင် ဝင် အောင်း။
သူဌေးတပည့်ရဲ့
တပည့်ရဲ့ တပည့် လုပ်ရင် လုပ်၊
ဒါမှမဟုတ် ယိုးဒယားလိုလို၊
မလေးရှားလိုလိုနဲ့ ဘဝကို
ကိုယ်ယောင်ဖျောက်ရင် ဖျောက်ပေါ့။
ဒီလိုနဲ့
ဆုံနေကျ လက်ဖက်ရည်ဆိုင်တွေဆီကနေ
တစ်ယောက်ပြီး တစ်ယောက် ပျောက်ပြီးရင်း ပျောက်သွားခဲ့လိုက်ကြတာ
အစအနတောင် မတွေ့ကြရတော့ဘူးလေ။
- - သတိရခြင်းများတစိမ့်စိမ့် / မှ

image