9 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရွှေ့ပြောင်းအလုပ်သမားများအတွက်အလုပ်ပါမစ်အား မတ် ၃ဝ နောက်ဆုံးထားရယူရန် အလုပ်ရှင်များသို့ထိုင်းအစိုးရသတိပေး
ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ပါမစ်အား မတ် ၃ဝ ရက်နောက်ဆုံးထားရယူရန် အလုပ်ရှင်များသို့ ထိုင်းအစိုးရက သတိပေးထားကြောင်းထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းအစိုးရက မှတ်ပုံတင်ထားသော်လည်းလိုအပ်သည့် စာရွက်စာတမ်းများမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ရှင်များအနေဖြင့် မတ် ၃ဝ ရက် နောက်ဆုံးထားကာ အလုပ်ပါမစ်ရယူရန် သတိပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်သမားစာရင်းတင်ထားသည့် အလုပ်ရှင်များအနေဖြင့်မတ် ၃ဝ ရက်အမီ အလုပ်ပါမစ်လျှောက်ထားရမည်ဖြစ်ပြီး ထိုင်းအလုပ်ရှင်များအနေဖြင့် ကျန်းမာရေးကောင်းကြောင်းအထောက်အထား၊ ကျန်းမာရေးအာမခံနှင့် လူမှုဖူလုံရေးစာရွက်စာတမ်းအပြင် ဘတ် ၁ဝဝဝ ကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာလ ကျော်လွန်သွားပါက အလုပ်သမားများအား တရားမဝင်အလုပ်သမားများအဖြစ် သတ်မှတ်ပြီးဘတ် ၅ဝဝဝ မှ ဘတ် ၅ဝဝဝဝ အထိ ဒဏ်ငွေရိုက်ခံရနိုင်ကာ မိခင်နိုင်ငံသို့ ပြန်ပို့ခံရနိုင်သည့်အပြင် ထိုင်းတွင် အလုပ်လုပ်ခွင့်နှစ်နှစ်ပိတ်ခံရနိုင်ကြောင်း သိရသည်။

image