9 ပတ် - ဘာသာပြန်ပါ။

AirPods တွေက ပိုအသုံးဝင်လာဦးမှာပဲ 👀
.
Apple ကနေ လာမယ့် iOS 19 Software Update နဲ့အတူ လက်ရှိထွက်ပြီးသား AirPods တွေအတွက် Feature Update တစ်ခုကို ထည့်ပေးမယ်ဆိုပြီး Bloomberg Media က Mark Gurman က ပြောလိုက်တယ်၊ ဒါက ဘာ Feature လဲဆိုတော့ Live Translation ဆိုတဲ့ Feature ပါ။​
ဒီ Live Translation Feature က ပြောရရင် Earbuds တွေမှာ အသစ်အဆန်းတော့မဟုတ်နေဘူး၊ ဟိုးအရင် Pixels Buds တွေထဲဲက Google Translate App ကို သုံးပြီး Earbuds ကနေ Live Translation Feature ကို သုံးနိုင်တာ တော်တော်ကြာပြီ။ ရတဲ့ ဘာသာစကား Limit ရှိပေမယ့် တစ်ဖက်လူက တခြားဘာသာစကားတွေနဲ့ပြောတာကို Earbuds ကနေ ချက်ချင်း ဘာသာပြန်ပေးနိုင်တာဆိုတော့ ခရီးသွားနေတဲ့အချိန်မှာ အသုံးဝင်တဲ့ Feature လို့ ပြောလို့ရတယ်။
ဒါကို Apple ကနေ လက်ရှိ AirPods တွေအတွက် Update ထုတ်ပေးမယ်ဆိုတော့ ဖြစ်နိုင်တာက Hearing Aids လိုမျိုးပဲ​ AirPods Pro 2 ကတော့ ရမှာသေချာလောက်တယ်၊ ကျန်တဲ့ AirPods 4 လည်း ရနိုင်လောက်မယ်။ အရှေ့က Generation တွေ ရမရကတော့ မသေချာလောက်ဘူး။
ဒါပေမယ့် Google တုန်းက Pixel Buds မှာ Live Translation ကို သုံးနိုင်ဖို့အတွက် ကိုယ်ပိုင် Google Translate App ကို မှီခိုပြီး အသုံးချသွားပေမယ့် Apple ကြတော့ ဒီ Live Translation Feature အတွက် Translate App ကိုပဲ သုံးမလား၊ Apple Intelligence တို့၊ Siri တို့ကိုပဲ သုံးမလားတော့ မသိရသေးပါဘူး... Apple Services တွေအစား ChatGPT တို့၊ သတင်းထွက်နေသလို Google Gemini နဲ့ ပေါင်းလိုက်ပြီး Gemini Live လိုမျိုးကို မှီခိုလို့ရရင် တော်တော်မိုက်မယ်။​
ဘာပဲဖြစ်ဖြစ် AirPods တွေက Sound Quality ထက် တခြား Feature တွေက ပိုမက်စရာကောင်းနေပြီ

image