9 w - Translate

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် AA က ဘင်္ဂါလီ လက်နက်ကိုင်များ နှင့် စစ်မျက်နှာသစ်ဖွင့်ရဖွယ် ရှိနေကြောင်း မေးမြန်းထားသော သတင်းအချက်များအရ သိရသည်။ဘူးသီးတောင်၊ မောင်တောဒေသကို ထိန်းချုပ်ထားသော AA သည် ARSA၊ ARA နှင့် RSO အပါအဝင် ဘင်္ဂါလီ လက်နက်ကိုင်များနှင့် တိုက်ပွဲများဖြစ်ပွားလာဖွယ်ရှိနေပြီး ယင်းအတွက် ကြိုဆင်ပြင်ဆင်နေသော အနေအထား မြင်တွေ့ရသော်လည်း တဖက်တွင် တပ်မတော်နှင့်လည်း စစ်မျက်နှာသုံးခုထက်မနည်း ဆက်လက် ဆိုင်ထားရ သည်။လက်ရှိ အထက်ပါ ဒေသများတွင် AA က အွန်လိုင်းထက်တွင် ဝါဒဖြန့်ဓာတ်ပုံများဖြင့် လူမျိုးမခွဲခြားကြောင်း ဖော်ပြ နေသော်လည်း လက်ရှိ မြေပြင်အခြေအနေတွင်မူ ခွဲခြားမှုများရှိနေပြီး ဌာနေတိုင်းရင်းသားတစ်မျိုးဖြစ်သော မြို တိုင်းရင်းသားများကိုလည်း ဘင်္ဂါလီ ရန်ကို ကာကွယ်ရန်အတွက် ပြည်သူ့စစ်သင်တန်းပေးခြင်းများ ရှိနေကြောင်း သိရသည်။
“အခုတော့ AAက နယ်စပ်ဖက်မှာ အဲဒီ (ဘင်္ဂါလီလက်နက်ကိုင်) အဖွဲ့တွေကို လိုက်ရှင်းနေတယ်ကြားပါတယ်။ ဒီဇာတ်လမ်းက ပြီးမှာ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။လက်ရှိ ဘူးသီးတောင်၊ မောင်တောဒေသရှိ ဘင်္ဂါလီလက်နက်ကိုင်များဘက်ကလည်း လူသစ်စုဆောင်းမှုများ လုပ်နေပြီး တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသော အရိပ်အယောင်များကို ပြသနေပြီဖြစ်သည်။"ဟိုဖက်မှာက ARSA တို့ ကလူစုလို့ရမယ့် ရင်းမြစ်ကြီးရှိနေတယ်လေ။ ဘင်္ဂလားဒေ့ရှ့်က Camp တွေပေါ့။ ဖြစ်လာ မှာ အာဆာရယ် ARA ရယ် RSO ရယ်နဲ့ နောက်တစ်ဖွဲ့ပေါင်းပြီး AA ကိုတိုက်မယ် ပြောထားတော့ မပြီးနိုင်သေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် AA နှင့် ARSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်ကလည်း မောင်တောမြို့နယ်တွင် ARSA က အရပ်သားကားတစ်စီးကို တိုက်ခိုက်ခဲ့ သည့်အတွက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

image