ပထမဆုံး Handheld Xbox Console မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ Asus
Asus ကတော့ စမတ်ဖုန်းအသစ်ပြန်လည်မိတ်ဆက်လာမယ့်အပြင်ကို ကုမ္ပဏီရဲ့ ပထမဆုံး Handheld Xbox Console ကိုလည်း မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
Project Kennan လို့အမည်ပေးထားတဲ့ Handheld Xbox Console က မနှစ်တုန်းက Microsoft ကနေ ထုတ်သွားဖို့ သတင်းတွေထွက်နေခဲ့တာဖြစ်သလို Microsoft Gaming အမှုဆောင်ဒါရိုက်တာကိုယ်တိုင်ကကို အတည်ပြုခဲ့တာပါ။ အခုတော့ Asus နဲ့ icrosoft ပူးပေါင်းပြီး ထုတ်သွားမယ့်ပုံစံပါပဲ။ Project Kennan ဟာဆိုရင် Windows နဲ့ Xbox တို့ပူးပေါင်းမှရဲ့ အဓိကရည်ရွယ်ချက်ဖြစ်လာမှာဖြစ်ပြီး Windows-based DNA ပါရှိသွားမှာပါ။
