WhatsApp ရဲ့Featureအသစ်
WhatsApp သည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပိုမိုကာကွယ်ရန် profile picture ကို screenshot ရိုက်တာကိုမပြုနိုင်စေရန် feature အသစ်တစ်ခု ထည့်သွင်းလိုက်သည်။
WhatsApp မှာ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိန်းသိမ်းရန် အစဉ်မပြတ် ကြိုးပမ်းနေဆဲဖြစ်ပြီးယခင်ကလည်း View Once Disappearing Messages (အလိုအလျောက်ပျောက်ကွယ်သွားသော မက်ဆေ့ချ်) တို့ကိုထည့်သွင်းပြီးသားဖြစ်သည်။ ယခုအသစ်ထပ်မံထည့်သွင်းလာသော Profile Picture Screenshot Blocking feature သည် unauthorized sharing (မလိုလားအပ်သော ဝေမျှမှု) မဖြစ်စေရန် အထောက်အကူပြုပေးနိုင်သည်။
ယခင်တုန်းက WhatsApp မှ Profile Picture ကို Download မလုပ်နိုင်သော်လည်း screenshot နှင့်သိမ်းထားနိုင်သည်။ ယခု feature အသစ်ဖြင့် screenshot သိမ်းဆည်းခြင်းပြုလုပ်မရနိုင်တော့ပဲ “Can’t take a screenshot due to app restrictions” ဟုတားမြစ်ပေးမည်ဟုသိရသည်။
ယခု feature အသစ်ကြောင့်တခြားသူများသည် screenshot ဖြင့်Profile Picture ကိုပြန်လည်အသုံးချခြင်း နှင့် WhatsApp သည် Meta ၏ အုပ်စုဝင်ဖြစ်တာနှင့်အညီ Facebook နှင့် Instagram တို့နည်းတူတိုးတက်လာသော security features များထည့်သွင်းလာခြင်းဖြစ်သည်။
WhatsApp ရဲ့ယခု feature ကို Android နှင့် iOS အသုံးပြုသူများအတွက် နောက်လာမည့် update ထည့်သွင်းပေးမည်ဖြစ်သည်။
WhatsApp မှ အသုံးပြုသူများအတွက် Privacy & Security ကို ပိုမိုတိုးတက်စေရန် အနာဂတ်တွင် chat lock improvements, AI-based spam detection, screenshot blocking for View Once messages စသည့် များပြားသော feature များကိုထပ်မံပါဝင်လာမည်ဟုလဲသိရသည်။
WhatsApp ၏ ယခု အသစ်ထည့်သွင်းလိုက်သော Profile Picture Screenshot Blocking feature သည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိန်းသိမ်းလိုသူများအတွက် အလွန်အသုံးဝင်မည့် security update တစ်ခုဖြစ်သည်။
