10 w - Translate

ကိုယ့်ကို အမြဲတမ်း လိမ်ညာနေတဲ့သူဆီက
အမှန်တရားတွေ သိရဖို့ဆိုတာ ဝေလာဝေးပဲမို့
အဲ့ဒီလို လူအနား အမြဲတမ်းနေဖို့ မစဉ်းစားနဲ့ ။
မပြတ်သားတဲ့သူဆိုတာ
သိတဲ့အတိုင်း အမြဲတမ်း ဒွိဟတွေနဲ့ပဲမို့
တွေဝေနေတဲ့ လူအနားလည်း မနေချင်ပါနဲ့ ။
ပါးစပ်က ချစ်ပါတယ်ပြောပြီး
လက်တွေ့ကျ ကိုယ့်အပေါ် မနွေးထွေးပေးတဲ့သူဆီက အချစ်စစ်တွေလည်း မမျှော်လင့်ပါနဲ့ ။
တန်ဖိုးထားရကောင်းမှန်းမသိတဲ့သူအနားလည်း
မျှော်လင့်ချက်တွေနဲ့ အချိန်မဖြုန်းမိပါစေနဲ့ ။
ခုပြောပြထားတဲ့သူတွေကို
လိုချင်နေတဲ့သူထဲလည်း ကိုယ် မပါပါစေနဲ့ ။
#aye #ayenandar
#တစ်ယောက်တည်းလည်းဆက်လျှောက်ရဲတယ်

image