10 w - Translate

မြန်မာနိုင်ငံလောက် အခွင့်အရေးကောင်းသည့် နိုင်ငံမရှိဟု နစကဥက္ကဋ္ဌပြော +++++
မြန်မာနိုင်ငံလောက် အခွင့်အရေးကောင်းတဲ့ နိုင်ငံမရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှား၊ ဘီလာရုစ်ခရီးစဥ်အပြန် အထူးလေယာဥ်ပေါ်မှာ မီဒီယာတွေရဲ့ မေးမြန်းမှုအတွင်း ထည့်သွင်းဖြေကြားခဲ့ပါတယ်။
"ကျွန်တော်တို့ နိုင်ငံကို အခြေပြုပြီးတော့ စီးပွားရေးလုပ်ငန်းလုပ်မှာပဲဖြစ်ဖြစ်၊ ဒေသတွင်းမှာ ကြီးမားတဲ့ စျေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့်ရမယ်ဆိုတာ သိနိုင်ပါတယ်"လို့ ဆိုပါတယ်။
မိမိတို့အနေနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်တော်ဆုံး အချိန်ကို ရောက်နေပါပြီလို့လည်း နစကဥက္ကဋ္ဌက ဆက်ပြောပါတယ်။
ရုရှားနိုင်ငံဟာ ပူးပေါင်းဆောင်ရွက်မှု အလားအလာရှိတဲ့ နိုင်ငံဖြစ်ပြီး အလျင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်မယ့် နိုင်ငံကလည်း ရုရှားဖြစ်တယ်လို့ ဆိုထားပါတယ်။

image