10 w - Translate

တရားထိုင်ခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မျှတစေတဲ့ သဘာဝနည်းလမ်းတစ်ခုဖြစ်တယ်လို့ကျွမ်းကျင်တဲ့ပညာရျင်တွေကဆိုထားပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုများတွေမှာတော့ တရားထိုင်တာက
စိတ်ဖိစီးမှုဟော်မုန်းများ (ဥပမာ- ကော်တီဇောင်) ကို လျှော့ချပေးပြီးတော့ စိတ်ငြိမ်းချမ်းမှုကို ရရှိစေတယ်လို့ဆိုထားပါတယ်။
(MRI) စက်တွေနဲ့ ဦးနှောက်ကို စစ်ဆေးတဲ့အခါမှာ တရားပုံမှန်ထိုင်တဲ့သူတွေမှာ ဦးနှောက်ရဲ့ အမှန်မြင်တတ်တဲ့ နေရာ (Prefrontal Cortex) နဲ့ အမိဒါလာ (Amygdala) တို့ကြား ဆက်သွယ်မှုပြောင်းလဲတာကို တွေ့ရတယ်။ ဒါ့ပြင် အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေကို မြှင့်တင်ပေးပြီးတော့ စိတ်ကျရောဂါတွေ၊ စိုးရိမ်ပူပန်မှုတွေကိုလည်း ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ တရားထိုင်တာက အာရုံကြောဆဲလ်အသစ်များ (Neurogenesis) ဖွံ့ဖြိုးမှုကို အားပေးပြီးတော့ ဦးနှောက်ရဲ့ ပလပ်စတစ်စတီ (ပြောင်းလွယ်ပြင်လွယ်စွမ်းရည်) ကို မြှင့်တင်ပေးတယ်လို့ လေ့လာမှုတွေကလည်း ဆိုထားတယ်။
စိတ်ပိုင်းဆိုင်ရာမှာဘာအကျိုးကျေးဇူးတွေရနိုင်မလဲ….. မိမိကိုယ်ကို သိမြင်နားလည်မှု (Self-awareness) တိုးစေပြီးတော့ အတိတ် ဒါမှမဟုတ် ဖြစ်မလာသေးတဲ့ အနာဂတ်အပေါ်မှာအလွန်အမင်းတွယ်တာမှုကို လျှော့ချပေးတယ်။ ဒီလို တရားထိုင်တာက တစ်နေ့တာ စိတ်လက်ပြေလျော့မှု၊ စိတ်တည်ငြိမ်မှုတို့ ရနိုင်ပြီးတော့ ကြုံနေရတဲ့ နေ့စဉ်ဘဝအခက်အခဲတွေကို စိတ်တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်း တိုးလာစေမှာပါ………။
ရုပ်ပိုင်းဆိုင်ရာမှာဖြစ်နေတဲ့ဒီအကျကျေးဇူးတွေရနိုင်တယ် ဥပမာ - သွေးပေါင်ချိန်လျော့ကျတာ၊ နှလုံးကျန်းမာရေးတိုးတက်စေတာ၊ ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့အချက်တွေစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ နာတာရှည်ရောဂါတွေ(ဆီးချို၊ လေဖြတ်ခြင်း၊စိတ်ဓာတ်ကျခြင်း) စတာတွေကို ကာကွယ်ရာမှာလည်း အထောက်အကူပြုတယ်လို့ဆိုကြပါတယ်။
တစ်နေ့ကို မိနစ် ၂၀-၃၀ ခန့် ပုံမှန်တရားထိုင်တာက စိတ်နဲ့ကိုယ်ကြား ဟန်ချက်ညီမှုကို တည်ဆောက်နိုင်ပြီး တော့ ကျန်းမာတဲ့ ဘဝပုံစံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

image